Category: ရောက်တက်ရာရာ
-
Rules of the Systems
Rules in our life systemကျွန်တော်တို့တွေ နေ့စဉ်ဘဝစနစ်မှာ rules and regulations တွေနဲ့ ဖြတ်သန်းနေကြရပါတယ်။ ဒီ rules and regulations တွေကြောင့် ဘဝမှာ အကျိုးဖြစ်ထွန်းမှုတွေ ရှိနိုင်သလို၊ စိတ်အနှောက်အယှက်တွေလည်း ဖြစ်တတ်ကြပါတယ်။ ဒါဆို ဘာကြောင့် ဒီ rules and regulations တွေကို လိုက်နာနေရတာပါလဲ။ လိုက်နာသင့်တဲ့ rules တွေရှိသလို ပြန်လည်ပြင်ဆင်သင့်တဲ့ rules တွေလည်း ရှိနိုင်ပါတယ်။ ဒီ rules တွေကို ဘယ်သူတွေက ပြဌာန်းထားတာလဲ။ ကိုယ်ကိုယ်တိုင်ကရော ဘာလဲ။ rules တွေကို လိုက်နာတဲ့သူပဲ လုပ်ရမှာလား။ ပြဌာန်းတဲ့ သူရော မဖြစ်နိုင်ဘူးလား။ ဒါတွေကို ကိုယ်ကိုယ်တိုင် users တွေကပဲ ဆုံးဖြတ်ရမှာပါ။…
-
MVC + OOA = real world system
What is MVC paradigm? MVC paradigmဆိုတာ ဘာများလဲလို့ လေ့လာကြည့်မိပါတယ်။ လက်စသက်တော့ သိပ်ပြီး ထူးခြားလှတဲ့ အကြောင်းအရာ အသစ်တစ်ခုတော့ မဟုတ်ပါဘူး။ အရှည်က Model View Controller လို့ ပြောကြတယ်။ Every system is created in MVC! အသေအချာစဉ်းစားကြည့်တော့ ဘယ်စနစ် system မဆို MVC သဘောတရား နဲ့ ပဲ တည်ဆောက်ထားကြတာ ပါပဲ။ IT system မှရယ်မဟုတ်ပါဘူး။ ဆိုပါစို့ မော်တော်ကားကလည်း MVC paradigm နဲ့ပဲ သူ့မှာ လောင်စာ၊ ဘီး၊ အင်ဂျင် စတဲ့ Model တွေရှိတယ်၊ အပြင်ပန်း မြင်ရတဲ့ View ရှိတယ်၊…
-
System of Understanding
နားလည်မှု ကို လိုချင်တယ်၊ နားလည်ပေးပါ၊ နားလည်ပါတယ်၊ နားလည်မှုရှိဖို့ လိုတယ် စသဖြင့် နားလည်မှုနဲ့ ပက်သက်ပြီး အတော်များများကို ကြားဖူးပါတယ်။ နားလည်မှုဆိုတာ လိုအပ်ပါတယ်၊ နားလည်ခံရမှု လိုအပ်သလို နားလည်ပေးမှုလည်း လိုအပ်ပါတယ်။ ဒါဆိုရင် နားလည်မှု ဆိုတာ ဘာကို ဆိုတာပါလဲ။ နားလည်မှုဆိုတာ ဘယ်လို လုပ်မှ ရနိုင်မှာလဲ။ နားလည်မှုဆိုတာ ဘယ်လိုမျိုးလဲ။ ဆိုတဲ့ မေးခွန်းတွေ ပေါ်လာပါတယ်။ let’s think about this! Demands in our whole lifeလူတွေဟာ အချစ်နဲ့ ပတ်သက်လာရင်လည်း နားလည်မှုကို လိုချင်တယ်၊ ပေးချင်တယ်၊ အလုပ်တွေထဲမှာလည်း နားလည်မှုကို လိုချင်တယ်၊ ပေးချင်တယ်၊ လမ်းလျောက်နေရင်ပဲဖြစ်ဖြစ်၊ ကားစီးနေရင်ပဲဖြစ်ဖြစ်၊ နေ့စဉ်ဘဝမှာ နားလည်မှုတွေကို လိုချင်တယ်၊…
-
ミャンマー人から見た日本人
ミャンマー人から見た日本人 私は日本へ一回しか行ったことないですが、よく日本人のことを見ていろいろと考えました。現在の私は日本のIT会社で働いているので日本人の上司とかによくコミュニケーションしてなんだか日本人のことが気になっています。それで日本人についてミャンマー人から見た考えをBlogで書こうと思いました。でも当文書はただ自分の考えを日本語の勉強として書いただけです。では考えて見ましょう! 日本人て完璧? まず思ったのは日本人て自分が日本人とのことをよく自慢していると思います。よく聞かれるのは「こんな事は日本人がしない」「こんな事をしたのは日本人じゃない」「日本人てそんなことするわけがない」「これはミャンマーの習慣ですか」など何か悪いと思われる事は日本人がしていないと思っていることです。皆がそう思っているとは言えないですが、私と会った日本人達はほとんどそう思っている人が多いと思います。では日本人て絶対悪い事はしないのでしょうか?
-
ကျွန်တော့မွေးနေ့
ဒီနေ့ ၂၀၁၀ ရဲ့ ၆၇ ရက်မြောက်နေ့ ကျွန်တော့ မွေးနေ့ ဖြစ်တော့ သကိုး။ ဖြစ်ချင်တော့ မနက်အစောကြီး ၄ နာရီလောက်ကြီး ထနိုးလာသည်။ ဘာဖြစ်ရမလဲ ဆိုတော့ အိမ်သာတက်ချင်လို့ဖြစ်ပါသည်။ အတော်လေးကို ဗိုက်ထဲ အောင့်လာလို့ ဘယ်လိုမှ မတတ်နိုင်ပဲ ပြေးဝင်သွားပါသည်။ မနေ့က ပဲခူး လက်ပံတန်း သွားပြီး အလှူထမင်းစား မိလို့လားမသိ၊ ဝမ်းပျက်သလို ခံစားရသည်။ လက်မဆေးပဲ စားလိုက်မိတာ ကြောင့်ဖြစ်မည်။ မနေ့က စဉ်းစားထားတာတော့ အစောကြီး ထပြီး ဘုရားဝတ်ပြုမည်။ ဒါပေမယ့် တရေးပြန်အိပ်မည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ပြန်အိပ်ဖြစ်သည်။ ပြီတော့ မနက် ၆ နာရီ ခွဲမှ ပြန်လည် နိုးထသည်။ ရေမိုးချိုးပြီး ဘုရားရှစ်ခိုးဖြစ်သည်။ အော် ဘုရားမရှိခိုးတာတောင်…
-
နိုင်ငံတကာ အမျိုးသမီးများနေ့
မတ်လ ၈ ရက်နေ့ဟာ နိုင်ငံတကာ အမျိုးသမီးများနေ့ ဆိုတာကို သိတဲ့ မြန်မာနိုင်ငံကလူတွေ အများကြီးရှိမယ် မထင်ပါဘူး။ မြန်မာနိုင်ငံမှာက သီးသန့် မြန်မာအမျိုးသမီးနေ့ ဆိုပြီး သက်မှတ်ထားတာကြောင့်လည်း ပါမယ် ထင်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံလည်း နိုင်ငံတကာ အသိုင်းအဝိုင်းကဆိုတော့ နိုင်ငံတကာ အမျိုးသမီးများနေ့ ကို အသိအမှတ်ပြု ဂုဏ်ပြုသင့်ပါတယ်။ ယနေ့ မြန်မာ နိုင်ငံမှာတင်မက ကမ္ဘာမှာပါ အမျိုးသမီးများ တန်းတူညီမျှ အခွင့်အရေးရရေးကို ကြိုးပမ်းဆောင်ရွက်နေကြပေမယ့် အချို့နေရာတွေမှာ အမျိုးသမီးတွေဟာ သာတူညီမျှ အခွင့်အရေး မရနိုင်ကြသေးပါဘူး။ မရယူနိုင်ကြသေးပါဘူး။ အမျိုးသမီးများနေ့မှာ အမျိုးသမီးတွေအကြောင်းစဉ်းစားမိပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင် အမျိုးသမီးတွေကို ရှေးရိုးအယူအဆတွေက ချုပ်ကိုင်ထားသလို ဖြစ်နေပြီး သာတူညီမျှ အခွင့်အရေး မရနိုင်သလို ဖြစ်နေပါတယ်။ ဒါပေမယ့် စဉ်းစားကြည့်မိတော့ အမျိုးသမီးတွေ…
-
အနှေးပြကွက်များထဲကရွှေအင်ကြင်းညို
တစ်နေ့က ရုံး၄ရက်ပိတ်တယ်။ ဒါနဲ့ ပျိုးလက်ဟန်ရဲ့ အနှေးပြကွက်များ ဆိုတဲ့ စာအုပ်ကို ဖတ်မယ်လို့ စဉ်းစားမိတယ်။ မီးငယ်တစ်ဖြစ်လည်း ပျိုးလက်ဟန် ရဲ့ အဲဒီစာအုပ်ကို ရထားတာ အတော်ကြပြီ (၂၀၀၉ ဇူလိုင်ကတည်းက) ဖတ်မယ်ဖတ်မယ်နဲ့ တခြားစာအုပ်ပုံတွေထဲမှာ နစ်နေမိတာနဲ့ မဖတ်ဖြစ်ခဲ့တာ ဒီနေ့တော့ ဖတ်ဖြစ်သွားတယ်။ ဒါတောင် တစ်အုပ်လုံး မဖတ်ဖြစ်လိုက်ဖူး။ တောင်းပန်ပါတယ် မီးငယ်ရေ။မီးငယ်ရဲ့ ပထမဆုံး တင်ပြထားတဲ့ ကောင်းမလေး တစ်ယောက်အကြောင်းက တော့ အတော်လေးကို စိတ်ဝင်စားဖို့ကောင်းတယ်။ စဖတ်ဖတ်ချင်း မီးငယ် သူ့အကြောင်းသူ ရေးထားသလားလို့တောင်ထင်သွားတယ်။ ဖတ်နေရင်းနဲ့မှ အော်မဟုတ်ပါလားပေါ့။ အဲဒီထဲက ကောင်မလေးနာမည်က ရွှေအင်ကြင်းညိုတဲ့။ အတော်လေးကို အတ္တကြီးတဲ့ ကောင်မလေးလို့ပြောရမယ်။ ဒါပေမယ့် ချစ်ရသူပေါ်မှာ ဖြစ်တတ်တဲ့ မိန်းကလေးတွေရဲ့ ဖြစ်နေကြသဘောတရား တစ်ခုလို့ ပြောရင်လည်း ရမယ်ထင်တယ်။…
-
ကျွန်တော်နှင့် မအူပင်
မအူပင်ကို သွားမယ်ဆိုတော့ အမေကပြောတယ်။ မအူပင်မှာ ဘာမှမရှိပဲနဲ့တဲ့။အရင်တုန်းက အဖိုး အခွန်ဝန်တာဝန်ထမ်းဆောင်တုန်းကတော့ အမေတို့ နေခဲ့ဖူးသေးတယ်လို့လည်း ပြောတယ်။ မြို့ကလေးက မြစ်ကမ်းဘေးမှာ ရှိပြီး အဖိုးက အဲဒီမြစ်ထဲ ဆင်းပြီး ရေကူးဖူးခဲ့သေးတယ်ဆိုပဲ။ ဒါပေမယ့် ရေထဲ မဆင်းနဲ့လို့ လည်း အမေက သတိပေးသေးတယ်။ ဒီလိုနဲ့ မနက်အစောကြီးထပြီး သူငယ်ချင်းတွေနဲ့ စုပြီး သွားမယ့်နေရာကို ထွက်လာခဲ့တယ်။ သူတို့ကို စောင့်ရင်း မနက်စာ ကို သီတာလမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ အီကြာကွေးနဲ့ လက်ဖက်ရည်သောက်သည်ပေါ့။ ပြီးတော့ မြို့ထဲကိုသွား သူငယ်ချင်းတွေ အားလုံး ဘယ်နှစ်ယောက်ပါလိမ့် ၉ ယောက်ထင်တယ် အတူတူ သွားကြတယ်ပေါ့။ ကားက တောင်းအေ့စ်ကားနဲ့ပါ။ ကားထွက်ပြီး မကြာဘူး ထုံးစံအတိုင်း ကားပေါ်မှာ ဆော့ကြပါတယ်။ စကားတွေ ပြောကြ…
-
သူမလက်ထပ်တော့မည်
ကျွန်တော် ဒီသတင်းကြားတော့ တုန်လှုပ်သွားသလို ခံစားရသည်။ သူမ လက်ထပ်တော့မည်တဲ့။ ကျွန်တော် သူမကို ချစ်ခဲ့သည်။ အခုထိလည်း ချစ်နေသေးသည်လို့ ထင်သည်။ ထင်သည် ဆိုတော့ သိပ်မသေချာသလိုသဘောမျိုးပါနေမည်။ ဒါပေမယ့် ကျွန်တော့ ဘဝမှာ သိပ်မသေချာတာတွေကပဲ သေချာဖြစ်နေတာ ကြောင့်လား မသိ သိပ်မသေချာတဲ့ အတွေးတွေပဲဝင်ပြီး ပြောနေဖြစ်သည်။ ဒါပေမယ့် သေချာတာကတော့ သူမ လက်ထပ်တော့မည်။ အတိတ်ကို ပြန်တွေးမိသည်။ သူမနှင့် ကျွန်တော် စတွေ့ခဲ့တာက ကျောင်းတွေစဖွင့်တဲ့ နေ့ ကျောင်းသားရေးရာ နားမှာဖြစ်သည်။ အဲဒီနေ့က သူမ အလွန်ပင် လှပနေခဲ့သည်။ အခုလည်း လှပါသည်။ အမဲရောင် ဝတ်စုံ ကို ဝတ်ပြီး မဟော်ဂနီရောင် ဆံကေသာဖြင့် တောက်ပနေတဲ့ သူမပုံရိပ်က ကျွန်တော့ မျက်ဝန်းထဲက ဒီနေ့အထိ…
-
ဖေဖော်ဝါရီ ၁၃ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့
ဖေဖော်ဝါရီ ၁၃ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဗိုလ်ချုပ်မွေးနေ့ကို မေ့နေတာ ကြာပြီ။ ၂၀၁၀ မှာ ပြန်ပြီးအမှတ်တရရှိမိတယ်။ အော် အတော်မကောင်းတဲ့ ငါပဲ။ မေ့တတ်လိုက်တာမှကိုယ့်နိုင်ငံ ကျေးဇူးရှင်မွေးနေ့ကိုတောင် မေ့တတ်တာ။ ဘယ်ကောင်းမလဲနော့်။နောက်မမေ့အောင် မှတ်ထားလိုက်မယ်။အင်တာနက်မှာ ကိုယ့်ကိုပြန်သတိပေးနိုင်အောင်လို့။ မေ့တတ်တော့လည်း ဘယ်တက်နိုင်မလဲနော့်။ဗိုလ်ချုပ်ကို မမြင်ဖူးလိုက်ပေမယ့်။ ကျွန်တော့ အဖိုးကတော့မြင်ဖူးလိုက်တယ်။ တော်လှန်ရေးမှာ အတူ တိုက်လာကြတာဆိုတော့။ ငယ်ငယ်ကဗိုလ်ချုပ် လက်မှတ်ပါတဲ့ အဖိုးရဲ့ ဂုဏ်ထူးဆောင် လက်မှတ်တွေကို ကြည့်ပြီး ဂုဏ်ယူခဲ့ဖူးတာကို ပြန်သတိရမိတယ်။ အော်ဗိုလ်ချုပ်အောင်ဆန်းသာရှိရင်အသက် ၉၅ နှစ် အဖိုးကြီး ဖြစ်နေရောပေါ့။ Happy Birthday ပါ။ဗိုလ်ချုပ်လို နိုင်ငံလွတ်လပ်ရေးကို မဖော်ဆောင်နိုင်ပေမယ့်။လိုမှမလိုတော့တာကိုး။ နိုင်ငံတိုးတက်ရေးကို တော့ဖော်ဆောင်ကြည့်ချင်သေးတယ်။ ငါ့နိုင်ငံကို ငါဘာလုပ်ပေးနိုင်မလဲငါစဉ်းစားရင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုပါတယ်။ ဖေဖော်ဝါရီ ၁၃ ဟာဗိုလ်ချုပ်မွေးနေ့ပါ၁၉၁၅ ရှေ့နေ ဦးဖာသားဇာတိနတ်မောက် မကွေးခရိုင်သိကြများခုတိုင်ကြံကြံခိုင်တဲ့…
