ဖေဖော်ဝါရီ ၁၃ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့

ဖေဖော်ဝါရီ ၁၃ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့
ဗိုလ်ချုပ်မွေးနေ့ကို မေ့နေတာ ကြာပြီ။ ၂၀၁၀ မှာ ပြန်ပြီး
အမှတ်တရရှိမိတယ်။ အော် အတော်မကောင်းတဲ့ ငါပဲ။ မေ့တတ်လိုက်တာမှ
ကိုယ့်နိုင်ငံ ကျေးဇူးရှင်မွေးနေ့ကိုတောင် မေ့တတ်တာ။ ဘယ်ကောင်းမလဲနော့်။
နောက်မမေ့အောင် မှတ်ထားလိုက်မယ်။
အင်တာနက်မှာ ကိုယ့်ကို
ပြန်သတိပေးနိုင်အောင်လို့။ မေ့တတ်တော့လည်း ဘယ်တက်နိုင်မလဲနော့်။
ဗိုလ်ချုပ်ကို မမြင်ဖူးလိုက်ပေမယ့်။ ကျွန်တော့ အဖိုးကတော့
မြင်ဖူးလိုက်တယ်။ တော်လှန်ရေးမှာ အတူ တိုက်လာကြတာဆိုတော့။ ငယ်ငယ်က
ဗိုလ်ချုပ် လက်မှတ်ပါတဲ့ အဖိုးရဲ့ ဂုဏ်ထူးဆောင် လက်မှတ်တွေကို ကြည့်
ပြီး ဂုဏ်ယူခဲ့ဖူးတာကို ပြန်သတိရမိတယ်။ အော်ဗိုလ်ချုပ်အောင်ဆန်းသာရှိရင်
အသက် ၉၅ နှစ် အဖိုးကြီး ဖြစ်နေရောပေါ့။ Happy Birthday ပါ။
ဗိုလ်ချုပ်လို နိုင်ငံလွတ်လပ်ရေးကို မဖော်ဆောင်နိုင်ပေမယ့်။
လိုမှမလိုတော့တာကိုး။ နိုင်ငံတိုးတက်ရေးကို တော့
ဖော်ဆောင်ကြည့်ချင်သေးတယ်။ ငါ့နိုင်ငံကို ငါဘာလုပ်ပေးနိုင်မလဲ
ငါစဉ်းစားရင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုပါတယ်။

ဖေဖော်ဝါရီ ၁၃ ဟာ
ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေ ဦးဖာသား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်
ကြံကြံခိုင်တဲ့ ဇာတိဖွား
မိခင်ဒေါ်စုသား
၁၉၄၇ ပြောင်းကြွတမလွန်
မျက်ရည်ဖြိုင် လို့ ဘဝင်ညှိုး
ဇူလိုင် ၁၉
ပြည်ထောင်စုရဲ့ကျေးဇူူးရှင်
ဗိုလ်ချုပ်တို့ဖခင်
ကောင်းစေချင်တဲ့ မှာစကား
ငါတို့မမေ့ညား
Kaung Myat Tun

Leave a Reply

Discover more from Kaung Myat Tun

Subscribe now to keep reading and get access to the full archive.

Continue reading