What is MVC paradigm?
MVC paradigmဆိုတာ ဘာများလဲလို့ လေ့လာကြည့်မိပါတယ်။ လက်စသက်တော့ သိပ်ပြီး ထူးခြားလှတဲ့ အကြောင်းအရာ အသစ်တစ်ခုတော့ မဟုတ်ပါဘူး။ အရှည်က Model View Controller လို့ ပြောကြတယ်။
Every system is created in MVC!
အသေအချာစဉ်းစားကြည့်တော့ ဘယ်စနစ် system မဆို MVC သဘောတရား နဲ့ ပဲ တည်ဆောက်ထားကြတာ ပါပဲ။ IT system မှရယ်မဟုတ်ပါဘူး။ ဆိုပါစို့ မော်တော်ကားကလည်း MVC paradigm နဲ့ပဲ သူ့မှာ လောင်စာ၊ ဘီး၊ အင်ဂျင် စတဲ့ Model တွေရှိတယ်၊ အပြင်ပန်း မြင်ရတဲ့ View ရှိတယ်၊ ထိန်းကျောင်းမောင်းနှင်ရတဲ့ လက်ကိုင်၊ နှိုးစက်၊ ပန်ကာ စတဲ့ Controller တွေရှိတယ်။ လူကလည်း MVC paradigm နဲ့ တည်ဆောက် ထားတဲ့ စနစ်တစ်ခုလို့ ဆိုနိုင်တာပဲ။ ယုတ်စွအဆုံး ဒီ အာကာသကြီးကလည်း MVC paradigm နဲ့ ဖြစ်တည် နေတယ်လို့ ယူဆနိုင်ပါတယ်။
Is MVC new?
ဒါဆိုရင် အားလုံးကို MVC paradigm အနေနဲ့ စဉ်းစားပြီး Model တည်ဆောက်ယူနိုင်တယ် လို့ ဆိုနိုင်တာပေါ့။ ဟုတ်ပါတယ်လို့ ပြောရမှာပဲ MVC က တကယ်တန်းတော့ အသစ်တစ်ခု မဟုတ်ပါဘူး။ ဟိုးတုန်းကတည်းက ရှိနေတဲ့ အမှန်တရား တစ်ခုလို့ ဆိုနိုင်ပါတယ်။
So MVC is needed!
ဒါ့ကြောင့် MVC paradigm က real world နဲ့ ကိုက်ညီလို့ သုံးလာကြတာပေါ့။ သေချာတာကတော့ IT system တွေကို MVC paradigm နဲ့ သေချာ တည်ဆောက်မထားဘူးဆိုရင် အတော်လေးကို အခက်အခဲတွေ တွေ့နိုင်တယ်ဆိုတာပါပဲ။
MVC with OOA!
MVC ကိုနားလည်ဖို့ OOA ဆိုတဲ့ Object Oriented Approach ကို လည်း သိထားသင့်တယ် ထင်တယ်။ OOA ဆိုတာကလည်း အထူးအဆန်းကြီး မဟုတ်ပါဘူး။ သူ့စကားလုံး တွေ အဓိပ္ပါယ်အတိုင်း ပါပဲ။ အာလုံးကို object အနေနဲ့ စဉ်းစားတဲ့ နည်းလမ်းတစ်ခုပါပဲ။
OOA ကလည်း တကယ်ဆို IT system တွေထဲမှာတင်မကပါဘူး၊ တကယ့် real world မှာကို အသုံးဝင်ပါတယ်။ ဒါ့ကြောင့်လည်း OOA ကို သုံးလာကြတာလို့ လည်း ပြောနိုင်ပါတယ်။
Everything can be analyzed as OOA
OOA ကို အနီးစပ်ဆုံး ဥပမာ ပေးရရင် ကိုယ်ကိုယ်တိုင်ကိုပဲ စဉ်းစားကြည့်ရမှာပဲ။ လူတစ်ယောက် ဟာ object တစ်ခုဆိုပါစို့ ။ သူ့မှာ နာမည်၊ အသက်၊ စတဲ့ attribute တွေရှိတယ်၊ လမ်းလျောက်တာ၊ စကားပြောတာ စတဲ့ function တွေရှိတယ်။ စသဖြင့်ပေ့ါ။ real world က အရာတွေအားလုံးကို OOA နဲ့ ခွဲခြမ်းစိတ်ဖြာ နိုင်ပါတယ်။
MVC + OOA = real world system
Real world မှာ အသုံးပြုမဲ့ စနစ်တစ်ခုဟာ real world မှာဖြစ်နေတဲ့ ပုံစံတွေအတိုင်း စဉ်းစား ခွဲခြမ်း စိတ်ဖြာ ကြည့်ပြီး တည်ဆောက်နိုင်မှ ဖြစ်မှာပါ။ ဒါကြောင့် MVC နဲ့ OOA ကိုပူးပေါင်း ပြီး အသုံးချနိုင်မယ်ဆိုရင် တကယ့်ကို ကောင်းမွန်တဲ့ real world system တွေကို တည်ဆောက်နိုင်မယ်လို့ ထင်ပါတယ်။

Leave a Reply