ကျွန်တော့မွေးနေ့

ဒီနေ့ ၂၀၁၀ ရဲ့ ၆၇ ရက်မြောက်နေ့ ကျွန်တော့ မွေးနေ့ ဖြစ်တော့ သကိုး။ ဖြစ်ချင်တော့ မနက်အစောကြီး ၄ နာရီလောက်ကြီး ထနိုးလာသည်။ ဘာဖြစ်ရမလဲ ဆိုတော့ အိမ်သာတက်ချင်လို့ဖြစ်ပါသည်။ အတော်လေးကို ဗိုက်ထဲ အောင့်လာလို့ ဘယ်လိုမှ မတတ်နိုင်ပဲ ပြေးဝင်သွားပါသည်။ မနေ့က ပဲခူး လက်ပံတန်း သွားပြီး အလှူထမင်းစား မိလို့လားမသိ၊ ဝမ်းပျက်သလို ခံစားရသည်။ လက်မဆေးပဲ စားလိုက်မိတာ ကြောင့်ဖြစ်မည်။

မနေ့က စဉ်းစားထားတာတော့ အစောကြီး ထပြီး ဘုရားဝတ်ပြုမည်။ ဒါပေမယ့် တရေးပြန်အိပ်မည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ပြန်အိပ်ဖြစ်သည်။ ပြီတော့ မနက် ၆ နာရီ ခွဲမှ ပြန်လည် နိုးထသည်။ ရေမိုးချိုးပြီး ဘုရားရှစ်ခိုးဖြစ်သည်။ အော် ဘုရားမရှိခိုးတာတောင် အတော်ကြာပကော။ အတော်မိုက်တဲ့ငါ။ တစ်ချို့ကတော့ လိမ္မာသည်ဟု ပြောကြသည်။

မနက်စာ စားပြီးတော့ ရုံးကို ထွက်လာသည်။ အလော ၃၀ လည်း မဖြစ်ပဲ ထမင်းဘူး မေ့ကျန်ခဲ့သည်။ အတော်လေးကို မေ့တတ်သကိုး။ အသက်တွေလည်း ကြီးပြီဆိုတော့။ ရွှေတိဂုံဘုရားကြီးကို ပူဇော်ရင်းဖြင့် ဒီလိုနဲ့ ရုံးရောက်သွားသည်။ ရုံးရောက်တော့ အင်္ဂလိပ်လို မွေးနေ့မှာ ပျော်ရွှင်ပါစေ လို့ ပြောတဲ့ သူငယ်ချင်းတွေကို တွေ့ရသည်။ မြန်မာစကားက အတော်လေး ဆင်းရဲ တာပဲ။ သုံးချင်စရာ မကောင်းလို့ပဲလား လို့ စဉ်းစားမိသည်။ မွေးစားစကားတစ်ခု အဖြစ် ကိုယ့်တုန်းကလည်း အဲလိုပဲ ပြောမိခဲ့တာပါပဲလို့ တွေးမိသည်။ ပျော်စရာတော့ အကောင်းသား အဲဒီလို ကြားရတာ၊ ဘာရယ်မဟုတ် ပျော်ပါသည်။ လက်ဆောင်တွေလည်း ရတာကိုး။

လူတွေရဲ့ အသိအမှတ်ပြုခံရတာ အတော်ပင် ကျေနပ်စရာကောင်းတော့သည်။ အရေးပေး စကားပြောတာလည်း အလွန်ပင် ကျေနပ်စရာကောင်းတော့သည်။ ပျော်စရာကောင်းပါသည်။ ဒါပေမယ့် ဗိုက်လည်း နာပါသည်ပေါ့။ အစားသောင်းကျန်းထားတဲ့ ဒဏ်တွေခံရတာ လို့တွေးမိသည်။

သူငယ်ချင်းတွေနဲ့ စကားပြောရတာ အလွန်ကောင်းသည်။ ပြောမနာ ဆိုမနာ ပေါင်းလို့ ရတဲ့ သူငယ်ချင်းတွေရှိတာ အတော်ကို ကောင်းသည်။ လူတွေနဲ့ ပေါင်းသင်းရတာ အလွန်လွယ်ပါသည်။ စိတ်ရင်းအတိုင်း ပေါင်းသင်းဖို့သာ အဓိကဟု ထင်မိသည်။ စိတ်ထဲရှိတဲ့ အတိုင်း ရိုးရိုးသားသား သာပြောဆို ပေါင်းသင်းသင့်သည် ဟုထင်မိသည်။ သူငယ်ချင်း တစ်ယောက်ကတော့ ပြောဖူးသည်၊ မင်းစိတ်ထဲ ရှိတဲ့အတိုင်းပြောတာ တစ်ခါတစ်လေတော့ ခံရခက်တယ် ဟု ဖြစ်သည်။ စိတ်မကောင်းဖြစ်မိခဲ့သည်။

ဒါပေမယ့် ဒီနေ့ ပျော်ပါသည်။ လူတွေကို ကျွေးမွေးရတာ အလွန်ပင်ကောင်းသည့် ခံစားချက်ကို ရစေသည်။ ထို့ကြောင့် လူတွေကို ကျွေးဖြစ်သည်။ စိတ်ချမ်းသာသည်။ ပျော်ရသည်။ ပိုက်ပိုက် ကုန်ရသည်။ အပေါင်းအသင်းကို ပွားစေသည်

ဒီလိုနဲ့ ရုံးဆင်းသည်။ မတွေ့တာကြာတဲ့ သူငယ်ချင်းများနဲ့ တွေ့ဖြစ်သည်။ တချို့ဆို နာမည် မမှတ်မိ မကောင်းတဲ့ အကျင့်ဖြစ်သည်။ ဒါပေမယ့် ပျော်သည်။ ဒီနေ့ ParkRoyal မှာ Japanese Food Promotion ပွဲလုပ်သည်။ မသွားပါ။ ဈေးကြီးလို့ ဖြစ်သည်။ နောက်ဆုံးတော့ အိမ်ပြန်ဖြစ်သည်။ ပြန်စရာ အိမ်ပဲ ရှိသည်ကိုး။ မပြန်ခင် ကြည့်မြင်တိုင်မှာ မီးလန့်သည်။ ကျွန်တော်ရှို့တာမဟုတ်ပါ။ ဒါ့ကြောင့် ချက်ခြင်း ငြိမ်းသွားသည်။ ကျွန်တော့ မွေးနေ့ကိုး။ မီးသတ်ကား က ရောင်ချာချာနဲ့ တစ်စီးရောက်လာသည်။ လူတွေအများကြီး ပြေးလာကြသည်။ ကျွန်တော်ကတော့ ထွက်သွားသည်။ အိမ်ကို ပြန်ရမည်။

အိမ်ရောက်တော့ အထုတ်အပိုးတွေချ၊ လက်ဆောင်တွေ များသကိုး။ ဘယ်သူဟာက ဘယ်ဟာ ခွဲခြမ်းရသည်။ နေရာချထားရေးတွေ လုပ်ရသည်။ အလုပ်ရှုပ်တော့သကိုး။ ကိုရီးယားကားကြည့် ပြီးတော့ စာမျက်နှာ နည်းနည်း ရေးသည်။ ည ၁၂ နာရီ ထိုးသွားသည်။ မွေးနေ့ကုန်ပြီ။ နောက်နှစ်ပေါ့။

Leave a Reply

Add AI Chatbot

It talks to your visitors, helps, explains, works in all languages, never misses a chat and increases conversion rates!

Install Asyntai Plugin

Discover more from TUN株式会社

Subscribe now to keep reading and get access to the full archive.

Continue reading