နားလည်မှု ကို လိုချင်တယ်၊ နားလည်ပေးပါ၊ နားလည်ပါတယ်၊ နားလည်မှုရှိဖို့ လိုတယ် စသဖြင့် နားလည်မှုနဲ့ ပက်သက်ပြီး အတော်များများကို ကြားဖူးပါတယ်။ နားလည်မှုဆိုတာ လိုအပ်ပါတယ်၊ နားလည်ခံရမှု လိုအပ်သလို နားလည်ပေးမှုလည်း လိုအပ်ပါတယ်။ ဒါဆိုရင် နားလည်မှု ဆိုတာ ဘာကို ဆိုတာပါလဲ။ နားလည်မှုဆိုတာ ဘယ်လို လုပ်မှ ရနိုင်မှာလဲ။ နားလည်မှုဆိုတာ ဘယ်လိုမျိုးလဲ။ ဆိုတဲ့ မေးခွန်းတွေ ပေါ်လာပါတယ်။ let’s think about this!
Demands in our whole life
လူတွေဟာ အချစ်နဲ့ ပတ်သက်လာရင်လည်း နားလည်မှုကို လိုချင်တယ်၊ ပေးချင်တယ်၊ အလုပ်တွေထဲမှာလည်း နားလည်မှုကို လိုချင်တယ်၊ ပေးချင်တယ်၊ လမ်းလျောက်နေရင်ပဲဖြစ်ဖြစ်၊ ကားစီးနေရင်ပဲဖြစ်ဖြစ်၊ နေ့စဉ်ဘဝမှာ နားလည်မှုတွေကို လိုချင်တယ်၊ ပေးချင်တယ်။
ဒီနေရာမှာ လိုချင်တာနဲ့ ပေးချင်တာ ဘယ်ဟာက များမယ် ထင်ပါသလဲ။ ကျွန်တော်တစ်ဦးထဲ သုံးသပ်ချက်ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် နားလည်မှုကို လိုချင်တဲ့ သူက ပိုပြီးများမယ် လို့ ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်ကိုယ်တိုင်က နားလည်မှုကို လိုချင်တာများ တာကိုး။
Demands in our daily life
နားလည်မှု ဆိုတာက သေချာစဉ်းစားကြည့်တော့ အတော်လေးကို ရှုပ်ထွေးလွန်းပါတယ်၊ နားလည်ရ ခက်ပါတယ်။ တစ်ယောက်သော သူအတွက် လုပ်ရိုးလုပ်စဉ် အလုပ်တစ်ခု၊ အပြုအမှုတစ်ခုဟာ အခြားတစ်ယောက်သော သူအတွက် နားလည်ပေးနိုင်စရာ ဟုတ်ကောင်းဟုတ်နိုင်ပေမယ့် အားလုံး အတွက်တော့ မဖြစ်နိုင်ပါဘူး။ ဆိုပါစို့ စကားပြောရင် ဆဲဆိုပြီး ပြောတတ်တဲ့ လူတစ်ယောက်ကို သူနဲ့ ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေက နားလည်မှု ပေးနိုင်ပေမယ့်၊ တစိမ်းတစ်ယောက်ကို ဆဲဆိုပြီး ပြောရင် နားလည်မှု ဘယ်လိုမှ ပေးနိုင်မှာ မဟုတ်ပါဘူး။
Customized Understanding System
တစ်ယောက်မှာ ရှိတဲ့နားလည်မှု နဲ့ တစ်ယောက်မှာ ရှိတဲ့ နားလည်မှုက မတူနိုင်ဘူးဆိုတော့ ဒါဆိုရင် နားလည်မှုဆိုတာ customized စနစ်တစ်ခုလား။ ဖြစ်နိုင်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး လိုအပ်တဲ့ နားလည်မှု Requirements တွေက မတူညီကြပါဘူး။ သုံးသပ်ချက် Analysis တွေလည်း မတူနိုင်သလို၊ လုပ်ဆောင်ချက် Functions တွေလည်း မတူနိုင်ကြပါဘူး။ တုံ့ပြန်မှု Design ပိုင်းလည်း တူကြမှာ မဟုတ်ပါဘူး။ တူညီတဲ့ အချက်တွေလုံး၀ မရှိတာမဟုတ်၊ ရှိနိုင်ပါတယ်၊ အများကြီးကို ရှိနိုင်ပါတယ်။ အခြေခံဘောင်သက်မှတ်ချက် Framework တွေလည်း ရှိနိုင်ပါတယ်။ အခြေခံဘောင်သက်မှတ်ချက်ကို သုံးတဲ့ နားလည်မှု စနစ်တွေကတော့ အတော်များများနဲ့ သင့်တော်ပြီး လိုက်လျောညီထွေ ရှိမယ်လို့ ထင်ပါတယ်။ အကောင်းဆုံး ကိုယ်နဲ့ ကိုက်ညီမဲ့ Frameworkတစ်ခုကို ယူသုံးသင့်ပါတယ်။ သုံးလည်းသုံးနေမှာပါ။ တချို့ဆိုရင် Multiple Frameworks ကို သုံးတဲ့ သူတွေတောင် ရှိနိုင်ပါတယ်။
With Complicated Requirements
နားလည်မှု ကို စနစ်တစ်ခုလို့ ပြောလိုက်တော့ စနစ်တစ်ခု တည်ဆောက်ဖို့ အတွက် လိုအပ်ချက်တွေ ရှိပါတယ်။ နားလည်မှုစနစ်က အထက်မှာ ပြောခဲ့ သလို customized system တစ်ခုဖြစ်တာကြောင့် သူ့လိုအပ်ချက် requirement ကရှုပ်ထွေးနိုင်ပါတယ်။ RA(Requirement Analysis) လုပ်ရတာ အတော်ကြာနိုင်ပါတယ်။ အသက်ရှင်နေသရွေ့လို့တောင် ဆိုနိုင်ပါတယ်။ ဒီနေရာမှာ ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်စနစ်ကို အသုံးချမယ့် Users တွေနဲ့ အသေအချာ နှီးနောဆွေးနွေးသင့်ပါတယ်။ အခြားသော သူတွေရဲ့ နားလည်မှု စနစ်တွေကိုလည်း သုံးသပ်သင့်ပါတယ်။
Develop with Development Life Cycle
Life Cycle သဘောတရားနဲ့ အကြိမ်ကြိမ် ရေးသားရမယ့် စနစ်တစ်ခုလို့ ဆိုနိုင်ပါတယ်။ သုံးနိုင်တဲ့ နည်းယာမတွေ အများကြီးရှိပါတယ်။ (Rapid Development, Waterfall Model, etc) RD (Requirement Definition)လိုအပ်တဲ့ သက်မှတ်ချက်တွေ သက်မှတ်၊ DD(Detailed Design) အသေးစိတ်ပုံဖော်ပြီး၊ PD(Program Development) နားလည်မှု ပရိုဂရမ်ကို ရေး၊ Testing တွေလုပ်၊ Release တကယ်ချသုံးကြည့် စသဖြင့်ပေါ့။ ဒီလို တည်ဆောက်မှုကြီးက အစဉ်သဖြင့် ကို လုပ်ဆောင်သွားရမဲ့ အလုပ်တစ်ခုပါပဲ။
With Continuous Maintenance
နားလည်မှု စနစ်ကို ရေရှည် ပြုပြင်ထိန်းသိမ်း ပြောင်းလဲမှု လိုအပ်ပါတယ်။ နားလည်မှုတွေ ပေးနိုင်ဖို့ ရနိုင်ဖို့ ကိုယ်တည်ဆောင်ထားတဲ့ နားလည်မှု စနစ်ကို အမြဲတမ်း maintenance လုပ်နေဖို့ လိုအပ်ပါတယ်။ ဒါမှ ခေတ်မီတဲ့ လူတကာနဲ့ ဆက်ဆံမှု အဆင်ပြေနိုင်တဲ့ နားလည်မှု စနစ်တစ်ခုကို ပိုင်ဆိုင်နိုင်မယ် မဟုတ်ပါလား။ ကိုယ်တည်ဆောက်ထားတဲ့ နားလည်မှု စနစ်က ကောင်းမကောင်းကတော့ ကိုယ့်ပတ်ဝန်းကျင်က users တွေက ဆုံးဖြတ်ပေးပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင်လည်း အခြားသူတွေရဲ့ နားလည်မှု စနစ်ကို ကောင်းမကောင်း သုံးသပ်နိုင်တဲ့ Bug Reporter/ User တစ်ယောက်ဖြစ်နိုင်ပါတယ်။
Start from yourself
နားလည်မှုတွေ ရနိုင်ဖို့ ကိုယ်ကိုယ်တိုင် နားလည်မှုပေးနိုင်တဲ့ သူအရင်ဖြစ်ရမယ်လို့ ထင်ပါတယ်။ လိုချင်တာ များနေရင် ပေးနိုင်တာများနေဖို့လိုတာပေါ့။ ကိုယ်လိုချင်တဲ့ နားလည်မှု တစ်ခုက ကိုယ်ကိုယ်တိုင်ကလည်း ပေးနိုင်ရမယ်လို့ ထင်ပါတယ်။
Let’s build it up
ကဲ သေချာ စနစ်တကျ တည်ဆောက်ကြည့်ကြပါစို့။