Category: ရောက်တက်ရာရာ
-
မိန်းကလေးချောချောတွေ ဒေါသထွက်လွယ်တယ်
မိန်းကလေးချောချောတွေ ဒေါသထွက်လွယ်တယ်ဆိုပဲBBC က သတင်းတစ်ပုဒ်မှာ သုတေသန လေ့လာတွေ့ရှိချက်တွေ အရ မိန်းကလေးချောချောလှလှ ဆွဲဆောင်မှုအားကောင်းတဲ့ သူတွေက ဒေါသထွက်လွယ်တယ်ဆိုပဲ။ဆွဲဆောင်မှုကောင်းတဲ့ မိန်းမချောလေးတွေက ယှဉ်ပြိုင်လာမှုတွေကို စစ်ပွဲတစ်ပွဲလိုပဲ ဖြေရှင်းတတ်တယ်တဲ့။ကယ်လီဖိုးနီးယား တက္ကသိုလ်က သုတေသီတွေက ကျောင်းသူ ၁၅၆ ဦးကိုမေးမြန်းခဲ့တာဆိုပဲ။ ဘယ်လောက်ထိဒေါသထွက်တယ်၊ ပြဿနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသလဲ လို့ မေးခဲ့တယ်တဲ့။အဖြေတွေကို ကြည့်ရင် ကိုယ့်ကိုယ်ကို ကြည့်ကောင်းတယ်၊ ချောတယ်လို့ထင်တဲ့သူတွေက အငြင်းအခုံ၊ ပြဿနာတွေကို ဒေါသတကြီးပိုမိုတုံ့ပြန်တတ်ကြပြီး၊ ကိုယ့်ကိုယ်ကို ဆွဲဆောင်မှု သိပ်မရှိဘူး ထင်တဲ့သူတွေက ဒေါသသိပ်မကြီးကြပါဘူးတဲ့။ ပြီးတော့ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတွေက သူတို့နဲ့ ထိုက်တန်တာထက်ပိုပြီး မျှော်လင့်တတ်ကြတယ်ဆိုပဲ။ သည်လို မိန်းကလေးမျိုးတွေနဲ့အဆင်ပြေချင်ရင် သူတို့ကို ဦးစားပေးလိုက်ပါတဲ့။ ဒေါသကြီးတတ်တဲ့မိန်းကလေးတွေဟာ ဦးစားပေးခံရတဲ့ အခြေအနေမှာ ပိုပြီးကောင်းမွန်စွာ ဖြေရှင်းနိုင်တယ်တဲ့။ဒါပေမယ့် အခုတွေ့ရှိချက်တွေက လူအနည်းငယ်ကိုပဲ လေ့လာထားတာဆိုတော့လူတိုင်းအတွက်…
-
ကြွက်ပုံပြင်
သူငယ်ချင်းရေ…….. မင်းကို ငါတို့သူငယ်ချင်းသုံးယောက်ကြားမှာ ဖြစ်ခဲ့တဲ့ ဟာသလေးတစ်ခုပြောပြမယ်။မင်းအတွက်ရီရပါ့မလားတော့မသိဘူး။ တစ်ရက်က ငါနဲ့ သူငယ်ချင်းသုံးယောက်နဲ့ တွေ့ပြီး စကားပြောဖြစ်တယ်။ ငါက ဒီနှစ်ကတရုတ်လို နွားနှစ်နော်လို့ ပြောပြီး သူငယ်ချင်းတစ်ယောက်ကို ငါကခွေးနှစ်မွေးတာကွ မင်းကဘယ်နှစ်မွေးတာလည်းလို့မေးလိုက်တယ်။ သူကကြွက်နှစ်မွေးတယ်လို့ဖြေတယ်။ အဲဒီမှာ နောက်တစ်ယောက်က အဲဒီသူငယ်ချင်းကိုအနိုင်လိုချင်တဲ့ စိတ်နဲ့ ဟေ့ငါက ကြောင်နှစ်မွေးတာကွ လို့ပြောလိုက်တယ်။တကယ်ဆိုရင် တရုတ်နှစ်တွေမှာ ကြောင်နှစ်မှ မရှိတာနော့်။ အဲဒီတော့ကြွက်နှစ်မွေးတဲ့ သူငယ်ချင်းက ပုံပြင်တစ်ပုဒ်ပြောပြတယ်။ ဟိုးရှေးရှေးတုန်းက ကြွက်သားအမိက အစာရှာထွက်လာတုန်း လမ်းမှာကြောင်ကြီးတစ်ကောင်နဲ့ ပတ်ပင်းတိုးမိတယ်တဲ့။ အဲဒီမှာ ကြွက်သားသားလေးကကြောက်ရှာတာပေါ့။ ဒါပေမယ့် ကြွက် မေမေက သားမကြောက်နဲ့ အမေရှိတယ် ဆိုပြီး ရှေ့ကို တိုးသွားတယ်။ ပြီးတော့ ဝုတ်ဝုတ် ဆိုပြီးတော့ ဟောင်လိုက်တယ်။ အဲဒီမှာကြောင်လည်းကြောက်ပြီး ထွက်ပြေးသွားတယ်။ အဲဒါနဲ့ ကြွက် မေမေက…
-
Preparing Presentation
သူငယ်ချင်းရေ…………………… မင်းတို့ငါတို့တွေလည်း ကျောင်းတွေပြီးလို့ အလုပ်ခွင်ထဲဝင် အလုပ်တွေလုပ်နဲ့…..လောကကြီးကို ဖြတ်သန်းနေရတာ….မလွယ်ဘူးနော်…… အခု မင်းလုပ်နေတဲ့ အလုပ်မှာ နေ့တိုင်း presentation တွေလုပ်ရတယ်ဆိုတာကြားရတော့ ငါဝမ်းသာတယ်ကွာ။ presentation လုပ်တာ ပြောတော့သာလွယ်တာ၊ တကယ်လုပ်ကြည့်ရင် မလွယ်ဘူးနော်။ မင်းကို ငါသိထားသလောက် presentation နဲ့ ပတ်သက်တာလေးတွေ ပြောပြချင်တယ်။ မင်းသိပြီးသားတွေဖြစ်ရင် လည်း ဖြစ်မှာပေါ့။ ok! ….. အခုပြောပြမယ့် အကြောင်းတွေက ငါ ကျောင်းမှာတုန်းက သင်ခဲ့ရတာတွေ၊ အလုပ်ထဲမှာ အထက်လူကြီးက ပြောတာတွေ တခြား စာတွေထဲက ဖတ်ထားတာတွေကို စုစည်းပြီး ငါပြောတတ်သလို ပြောပြမယ်။ အရင်ဆုံး presentation ဆိုတာဘာလဲပေါ့။ presentation ဆိုတာ အမေးအဖြေ အပိုင်း မရောက်ခင်အထိ တစ်လမ်းသွား စကားပြောခြင်းတစ်မျိူးပဲ။ ကြိုတင်ပြင်ဆင်မှုနဲ့ ဖွဲ့စည်းတည်ဆောက်တတ်မှုတွေလိုအပ်တယ်။…
-
ကောင်းမြတ်ထွန်းရဲ့စာမျက်နှာများ စတင်ခြင်း
Welcome to http://kaungmyattun.wordpress.com. This is my first post.ကောင်းမြတ်ထွန်းရဲ့စာမျက်နှာများ ကို စတင်ရေးသားပါတော့မယ်။ အားလုံးပဲ ဖတ်ရှုကြည့်ကြပါဦး။ ကျေးဇူးတင်စွာဖြင့် ကောင်းမြတ်ထွန်း
