Preparing Presentation

သူငယ်ချင်းရေ……………………

မင်းတို့ငါတို့တွေလည်း ကျောင်းတွေပြီးလို့ အလုပ်ခွင်ထဲဝင် အလုပ်တွေလုပ်နဲ့…..လောကကြီးကို ဖြတ်သန်းနေရတာ….မလွယ်ဘူးနော်……

အခု မင်းလုပ်နေတဲ့ အလုပ်မှာ နေ့တိုင်း presentation တွေလုပ်ရတယ်ဆိုတာကြားရတော့ ငါဝမ်းသာတယ်ကွာ။ presentation လုပ်တာ ပြောတော့သာလွယ်တာ၊ တကယ်လုပ်ကြည့်ရင် မလွယ်ဘူးနော်။

မင်းကို ငါသိထားသလောက် presentation နဲ့ ပတ်သက်တာလေးတွေ ပြောပြချင်တယ်။ မင်းသိပြီးသားတွေဖြစ်ရင် လည်း ဖြစ်မှာပေါ့။ ok! …..

အခုပြောပြမယ့် အကြောင်းတွေက ငါ ကျောင်းမှာတုန်းက သင်ခဲ့ရတာတွေ၊ အလုပ်ထဲမှာ အထက်လူကြီးက ပြောတာတွေ တခြား စာတွေထဲက ဖတ်ထားတာတွေကို စုစည်းပြီး ငါပြောတတ်သလို ပြောပြမယ်။

အရင်ဆုံး presentation ဆိုတာဘာလဲပေါ့။ presentation ဆိုတာ အမေးအဖြေ အပိုင်း မရောက်ခင်အထိ တစ်လမ်းသွား စကားပြောခြင်းတစ်မျိူးပဲ။ ကြိုတင်ပြင်ဆင်မှုနဲ့ ဖွဲ့စည်းတည်ဆောက်တတ်မှုတွေလိုအပ်တယ်။

Presentation ကောင်းတစ်ခုဖြစ်ဖို့အတွက် ကြိုတင်ပြင်ဆင်ဖို့လုံး၀ မမေ့ပါနဲ့။ စကားတစ်ခုရှိတယ် “Failing to prepare is preparing to fail” တဲ့။

Presentation လုပ်တဲ့ နေရာမှာ ဘယ်လို ဖွ့ဲစည်းပုံနဲ့ တင်ပြမယ်။ ဘာအကြောင်းအရာတွေကို ပြောမယ်ဆိုတာကို အရင်ဆုံး စဉ်းစားရမယ်။ အကြမ်းဖျဉ်း
ချရေးပြီး ဘယ်လိုအစီအစဉ်နဲ့ တင်ပြမလဲ စဉ်းစားရမယ်။

Presentation Slide ကို စလုပ်တော့မယ်ဆိုရင် များသောအားဖြင့် မှားတတ်ကြတာက ကိုယ်ပြောချင်တာတွေ အားလုံးကို slide ထဲမှာ သွားပြီးရေးမိကြတာပဲ။ အဲလို ရေးလိုက်ရင် slide တွေမှာ စာတွေနဲ့ ပြည့်နေပြီး နားထောင်နေတဲ့ သူတွေကို ဆွဲဆောင်မှု လုံး၀ မပေးနိုင်တော့ သလို ကိုယ့်ရဲ့ impression ကလည်း ပျက်သွားမယ်။ ပါတာတွေ ဖတ်ပြနေသလို ဖြစ်ပြီး ပျင်းစရာကောင်းတဲ့ presentation တစ်ခု ဖြစ်သွားမယ်။ အမှန်တကယ် ကောင်းမွန်တဲ့ slide တစ်ခုမှာ စာသားတွေက ရှင်းလင်းပြီး အဓိကကျ တဲ့ point တွေကို ပဲ ရေးထားပြီး အကျယ်တဝင့် က ကိုယ့်ရဲ့ နှုတ်ကနေ
ပြောပြသွားရမယ်။ ဖြည်းဖြည်းနဲ့ မှန်မှန်လေး ပြောဖို့လည်း လိုအပ်တယ်။

ငါအနေနဲ့ဆိုရင် slide မှာ ဝါကျ အပြည့်အစုံ ရေးတာ မကောင်းဘူး။ ပြောချင်တဲ့ အကြောင်းအရာအတွက် noun တစ်ခုကို ရှာပြီး အဲဒါကို ထင်ရှားအောင်ရေးတာပဲ။ စာလုံးတွေရဲ့ အရွယ်အစားရွေးချယ်မှုကလည်း အရေးကြီးတယ်။ ထင်ထင်ရှားရှားဖြစ်နိုင်တဲ့ size ကို ရွေးချယ်တတ်ရမယ်။

ပါမောက္ခဒေါက်တာ အောင်ထွန်းသက်ကတော့ slide တွေမှာ 4*4 ဆိုတဲ့ နည်းနဲ့ ဖြေရှင်းတယ်တဲ့။ slide တစ်ခုမှာ စာကြောင်းလေးကြောင်းပဲထားပြီး
စာကြောင်းတစ်ကြောင်းမှာ စာလုံး လေးလုံး။ ဒါဆိုရင် ရှင်းရှင်းလင်းလင်းနဲ့ ဖတ်ရလွယ်တယ်တဲ့။

Planning the Presentation

  1. Plan the work

Presentation တစ်ခုလုပ်တော့မယ်ဆိုရင် ပြင်ဆင်ချိန်ဘယ်လောက်ယူရမှာလဲ။ Academic way of thinking အရဆိုရင် အချိုး 10:1 နဲ့တွက်တယ်။ ဘယ်လိုလဲ ဆိုရင် presentation က ၅မိနစ်ဆိုရင် ပြင်ဆင်ချိန်က ၁နာရီအောက်ပဲ ဖြစ်ရမယ်။ ၁နာရီ presentation ဆိုရင်တော့
၁၀ နာရီလောက်ပြင်ဆင်ရမှာပေါ့။

  1. Formulate the objective

ရည်ရွယ်ချက်ဆိုတာ အရေးကြီးတယ်။ presentation ကိုဘာအတွက်လုပ်တာလဲ။ အဲဒီ ရည်ရွယ်ချက်ကို နားထောင်တဲ့သူတွေ လုံးဝနားလည်သွားအောင်
တင်ပြနိုင်ဖို့လိုအပ်တယ်။ ကိုယ့်ပြောချင်တဲ့ ရည်ရွယ်ရာစီကို နားထောင်တဲ့သူတွေကို ဆွဲခေါ်သွားနိုင်ရမယ်။ အဲသတိထားရမှာက ရည်ရွယ်ချက်ကို
အများကြီး မထားမိဖို့ပဲ ဘာလို့လဲဆိုရင် နားထောင်နေတဲ့ သူတွေ စိတ်ရှုတ်သွားနိုင်တယ်။ ဒါ့ကြောင့် နှစ်ခုလောက်ပဲ ထားတာကောင်းတယ်။ presentation
မှာ focus က key ပဲ။ ကိုယ်က သိသွားစေချင်တာကို focus လုပ်ပြီး မပြောနိုင်ရင် နားထောင်တဲ့သူက ကိုယ်က ဘာကို ပြောချင်နေတယ်ဆိုတာ သိနိုင်စရာမရှိတော့ဘူး။

  1. Identify the audience

ကိုယ်က ဘယ်သူတွေကိုပြောမှာလည်းဆိုတာကို သိရင် ပိုပြီးတော့ ပြင်ဆင်ရတာ ပိုကောင်းတယ်။ နားထောင်တဲ့ သူ အပေါ် မူတည်ပြီး ကိုယ့်ရဲ့ ပြင်ဆင်မှုက
ကွာခြားနိုင်တယ်လေ။

  1. Define the structure and content

Structure ကျအောင် လုပ်နိုင်မှ စွဲဆောင်မှု ရှိမယ်လို့ ထင်တယ်။ ယေဘူယျအားဖြင့် Introduction, Main Content, Conclusion တွေပါမယ်။ presentation မှာ အစနဲ့ အဆုံးက အရေးကြီးတယ်။ ဘယ် presentation မှာပဲ ဖြစ်ဖြစ် အစက လုံး၀ key ပဲ။ နားထောင်တဲ့ သူတွေရဲ့ အာရုံကို စွဲဆောင်နိုင်ရမယ်။ အကြောင်းအရာတွေကို သေချာတင်ပြနိုင်ရမယ်။ ရှင်းလင်းပြတ်သားပြီး အတက်အကျရှိတဲ့ အသံနေအသံထားနဲ့ ပြောနိုင်ရင် ပိုကောင်းမယ်။
နောက်ဆုံးမှာ နားထောင်တဲ့ သူတွေရဲ့ ဦးနှောက်ထဲမှာ ဘာကျန်ထားခဲ့ စေချင်တာလဲ။ အဲဒါကို သိထားပြီး ကိုယ်က သိစေချင်သွားတဲ့ဟာကို လုံးဝဦးစားပေးပြီးပြောရမယ်။

  1. Develop the slides

Slide တွေလုပ်ရင်လည်း စွဲဆောင်မှုကောင်းကောင်းနဲ့ လုပ်ရမယ်။ အရောင်ရွေးချယ်မှုက လည်း အရေးကြီးတယ်။ font size ရောပဲ။ အမြင် ရှင်းလင်းဖို့က အရေးကြီးတယ်။

  1. Review the content

လုံး၀ မမေ့သင့်တဲ့ အရာပါ။ သေချာ ပြန်လည် သုံးသပ်ပါ။

Ok!

ခင်တဲ့….

KG

Leave a Reply

Discover more from Kaung Myat Tun

Subscribe now to keep reading and get access to the full archive.

Continue reading