Rules in our life system
ကျွန်တော်တို့တွေ နေ့စဉ်ဘဝစနစ်မှာ rules and regulations တွေနဲ့ ဖြတ်သန်းနေကြရပါတယ်။ ဒီ rules and regulations တွေကြောင့် ဘဝမှာ အကျိုးဖြစ်ထွန်းမှုတွေ ရှိနိုင်သလို၊ စိတ်အနှောက်အယှက်တွေလည်း ဖြစ်တတ်ကြပါတယ်။ ဒါဆို ဘာကြောင့် ဒီ rules and regulations တွေကို လိုက်နာနေရတာပါလဲ။ လိုက်နာသင့်တဲ့ rules တွေရှိသလို ပြန်လည်ပြင်ဆင်သင့်တဲ့ rules တွေလည်း ရှိနိုင်ပါတယ်။ ဒီ rules တွေကို ဘယ်သူတွေက ပြဌာန်းထားတာလဲ။ ကိုယ်ကိုယ်တိုင်ကရော ဘာလဲ။ rules တွေကို လိုက်နာတဲ့သူပဲ လုပ်ရမှာလား။ ပြဌာန်းတဲ့ သူရော မဖြစ်နိုင်ဘူးလား။ ဒါတွေကို ကိုယ်ကိုယ်တိုင် users တွေကပဲ ဆုံးဖြတ်ရမှာပါ။
Every system has rules!
System တိုင်းမှာ လိုက်နာရမယ့် rules တွေရှိပါတယ်။ အဲဒီ system ကို အသုံးပြုတဲ့ သူတိုင်းဟာ အဲဒီ rules တွေအတိုင်း လိုက်နာ ဆောင်ရွက်ရပါတယ်။ system တစ်ခု တည်ဆောက်စဉ်ကတည်းက ဒီ စနစ်မှာ သုံးမဲ့ rules တွေကို ပြဌာန်းရပါတယ်။ users တွေ တကယ်လိုအပ်တဲ့ requirements အပေါ်မှာ မူတည်ပြီး အသေအချာ analyse လုပ်ပြီး rules တွေကို ထုတ်ပေးရပါတယ်။ ဒီနေရာမှာ system analyst ရဲ့ role ကအရေးပါပါတယ်။
Every rule is created!
ဒီနေရာမှာ Universal rules တွေကို မဆိုလိုပါဘူး။ အားလုံးသော ဥပဒေတွေဟာ လူတွေကပဲ ဖန်တီး ထားတာလို့ ဆိုနိုင်ပါတယ်။ အသုံးပြုမယ့် users, clients အလိုက် သုံးတဲ့ system မတူသလို rules တွေလည်း မတူညီနိုင်ပါဘူး။ အိမ်တစ်အိမ် ရုံးတစ်ရုံးမှာ သုံးတဲ့ rules ကနေ နိုင်ငံမှာ သုံးတဲ့ rules တွေ အားလုံးက လူတွေက ဖန်တီးထားတာလို့ ဆိုနိုင်ပါတယ်။ rules တွေသုံးထားတဲ့ system တွေလို့ ဆိုနိုင်ပါတယ်။
So you can create the rule so as the system
ဒါ့ကြောင့် ကိုယ်ကိုယ်တိုင် rule တွေကို create လုပ်နိုင်ပါတယ်။ program တစ်ပုဒ်ရေးပြီး run တာဟာ rule တစ်ခုကို ဖန်တီးလိုက်တာပါပဲ။ computer system ကို rules တွေပေးပြီး ကိုယ်ဖန်တီးတဲ့ rules အတိုင်း လုပ်ခိုင်း၊ လိုက်နာခိုင်းနိုင်ပါတယ်။ အိမ်ထောင်၊ ကုမ္ပဏီ ဆိုတဲ့ system တစ်ခုကို ဖန်တီးပြီး ကိုယ်ကိုယ်တိုင် rules တွေ ထုတ်နိုင်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာလည်း အတူတူပါပဲ။ အဲဒီ rules တွေကို လိုက်နာခိုင်းနိုင်ပါတယ်။ တစ်ခါတစ်လေ အဲဒီလို system တစ်ခုအောက်မှာ နေပြီး ကိုယ်ကိုယ်တိုင် ruler လုပ်ရတဲ့ ဘဝကို မျှော်မှန်းမိမှာ အသေချာပါပဲ။ ကိုယ်ကိုယ်တိုင် system တစ်ခုကိုရေးဆွဲချင်နေမိမှာပါ။ ဒါတွေဟာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင်နဲ့ပဲ ဆိုင်တာပါ။
No one is above the rules but there is ruler above ruler
Rules တွေထုတ်ပြီး ruler လုပ်နိုင်တယ်ဆိုပေမယ့်။ program တစ်ပုဒ်ကို ရေးတယ်ဆိုတာမှာ programming language ရဲ့ အကန့်အသက် Operation System ရဲ့ အကန့်အသက်တွေ ရှိတော့ There are rulers above ruler. လို့ပြောရမလိုဖြစ်နေပါတယ်။ သာမန် developer တစ်ယောက်က rules တွေနဲ့ system ဖန်တီးတယ် ဆိုပေမယ့် ဘောင်ထဲကနေ လုပ်နေရတာပါ။ ဒီလိုပါပဲ အိမ်ထောင်တစ်ခု၊ ကုမ္ပဏီတစ်ခု၊ နိုင်ငံတစ်နိုင်ငံ စတဲ့ အားလုံးမှာ သူ့ဘောင်နဲ့ သူရှိနေမယ်လို့ ထင်ပါတယ်။
When one rule is wrong
Rule တစ်ခု မှားပြီး တည်ဆောက်ထားတဲ့ system တစ်ခုဟာ ကောင်းကောင်းမွန်မွန် run မှာ မဟုတ်ပါဘူး။ operation time မှာပဲ ပြဿနာ တတ်နိုင်ပါတယ်။ ဒါကြောင့် အသေအချာ တည်ဆောက်ထားရပါမယ်။ users လက်မခံနိုင်တဲ့၊ user လိုချင်တာနဲ့ မကိုက်ညီတဲ့ မှားယွင်းမှုဆိုရင်တော့ developer အပေါ်မှာ ထားရှိတဲ့ users ရဲ့ယုံကြည်မှု ပျောက်ဆုံးနိုင်ပါတယ်။ ရွေးချယ်စရာ မရှိဘူးဆိုရင်တော့ rules တွေမှားနေလည်း၊ မကြိုက်လည်း လက်ခံရမှာပဲပေါ့။ မသုံးရင်လည်း လုံးဝမသုံးရမှာပေါ့။ ဒါပေမယ့် ရွေးချယ်လို့သာ ရမယ်ဆိုရင် အခြား developer ကိုပြောင်းပြီး system development လုပ်နိုင်ပါတယ်။ ဒါမှ မဟုတ်ရင်တော့ users ကိုယ်တိုင် developer လုပ်ယုံပါပဲ။
Every system can be hacked so as the rules
ဘယ်စနစ်ကိုမဆို ချိုးဖောက်မှု၊ အလွဲသုံးစားမှုဆိုတာ ရှိနိုင်ပါတယ်။ ဒါဆိုရင် rules တွေကို ချိုးဖောက်နိုင်၊ အလွဲသုံးစား လုပ်နိုင်တယ်လို့ ဆိုလိုတာပါပဲ။ ဒီလို လုပ်နိုင်ဖို့ system တစ်ခုလုံးအကြောင်းကို ထုံးလိုချေ ရေလိုနှောက် သိထားရပါမယ်။ ဘယ်လို rules ကဘယ်လိုရှိပြီး ဘယ်လို သဘောသက်ရောက်တယ် ဆိုတာကအစ အားလုံးကို နားလည် သဘောပေါက်ကာမှ hacker တစ်ယောက်ဖြစ်နိုင်ပါတယ်။
In one Japanese movie,
ဂျပန်ဇာတ်လမ်း တစ်ခုမှာ ကျောင်းသားတွေက သူတို့အပေါ်မှာ ချမှတ်ထားတဲ့ စည်းကမ်းတွေကို မကျေနပ်လို့ ပြောကြတဲ့ အခါမှာ မင်းသားဥပဒေ ပညာရှင်ပြောတဲ့ စကားကို အလွန်သဘောကျမိပါတယ်။ သူပြောတာက မင်းတို့တွေက rulesကို လိုက်နာပြီး နေကြရမဲ့သူတွေ၊ မင်းတို့ rulesချိုးဖောက်ရင် အပြစ်ပေးခံရမယ်၊ ဒီလိုမျိုး rulesတွေကို မကြိုက်လည်း လိုက်နာရမှာပဲ၊ ဘာလို့လဲဆိုရင် မင်းတို့က လိုက်နာရမယ့်သူတွေ ဖြစ်နေလို့ပဲ၊ မင်းတို့ ဘာမှ မတတ်နိုင်ဘူး၊ ဒါပေမယ့် မင်းတို့ကြိုးစားရင် အခုမင်းတို့ လိုက်နာနေရပါတယ်ဆိုတဲ့ rulesတွေကို ပြဌာန်းတဲ့ သူဖြစ်နိုင်တယ်၊ ဒါဆိုရင် မင်းတို့နှစ်သက်တဲ့ rulesကို ပြဌာန်းနိုင်တယ်၊ချိုးဖျက်နိုင်တယ်။ ဒါပေမယ့် rules တွေကို ချိုးဖောက်ဖို့ rules တွေအကြောင်းကို သိထားရမယ်။ သေချာတာကတော့ ငတုံးတွေက rules တွေကို လိုက်နာနေရပြီး တော်တဲ့ သူတွေက rules တွေကို create/hack လုပ်တယ်။ ဒါ့ကြောင့် မင်းတို့ ကြိုးစားကြပါ ဆိုတာပါပဲ။
So learn before creating/hacking the rules of the system
ဒါကြောင့် system တစ်ခုကို create/hack ဖို့ကြိုးစားတော့မယ်ဆိုရင် အရင်ဦးဆုံး လေ့လာသင်ယူမှုတွေကို လုပ်ရပါမယ်။ အသေအချာ ပြင်ဆင်မှုတွေ လုပ်ပြီးတော့မှ system ရဲ့rules တွေကို create/hack မယ်ဆိုရင် ကိုယ့်ကို အပြစ်ပေးခံရမယ့် မှားနိုင်မယ့် possibility နည်းသွားနိုင်ပါတယ်။ ဒါပေမယ့် သိထားသင့်တဲ့ အချက်တစ်ချက်ကတော့ ဒါကို ကိုယ်တစ်ယောက်တည်း learn လုပ်နေတာ လုပ်နိုင်တာ မဟုတ်ဘူးဆိုတာပါပဲ။

Leave a Reply