Category: Poem (ကဗျာ)

January 1, 2011

နေခြည်ဖြာမှ…

နေခြည်ဖြာမှ… ပထမဆုံး နေရောင်ခြည်… နွေးထွေးမှုအပြည့်နဲ့ပါ…… အေးစက်နာကျင်နေတဲ့ ကို့ရဲ့ နှလုံးသားကို နွေးထွေးသွားစေတဲ့ ပထမဆုံး နေခြည်….. နေခြည်ဖြာမှ နွေးနိုင်တဲ့ ကို့ရဲ့ အေးစက်နေတဲ့ နှလုံးသားကို ပထမဆုံးနေခြည်ကနေ… ဆက်လက်ပြီးတော့ အလင်းတန်းတွေ ပေးသနားပါ……. နေခြည်….မင်းရှိမှ…
Read More
October 30, 2010

မိုးရက်များ

မိုးတွေရွာနေတယ်……………………………………………………………. မိုးတွေရွာတဲ့ နေ့တွေမှာ မိုးတွေရွာခဲ့တဲ့ နေ့တွေကို သတိရမိတယ် …………. မိုး….ရေ…….နင်မရှိရင် နင့်ကို သတိရပေမယ့်……. နင်…..ရောက်လာတော့လည်း…….အေးဆက်လိုက်တာဟာ………………… ငါ့အပေါ်ကို ရွာသွန်းပေးပါဦး……………………………………………………………………. လွမ်းလိုက်တာ မိုးမြေပျက်သုန်းတော့မယ်……….. လွန်ဆန်ဖို့ ခက်ခဲတဲ့……………….. တရလွန် နှောင်ကြိုးများ…………………………… စကားလေး…
Read More
October 5, 2010

တစ်ယောက်တည်းဘဝ

တစ်ယောက်တည်း တစ်ယောက်တည်းဘဝမှာ ချစ်ကျွမ်းဝင်ဖို့မေ့သွားတယ် တစ်ယောက်တည်းဘဝမှာ ခင်မင်မှုတွေကိုတွယ်တာလာတယ် တစ်ယောက်တည်းဘဝမှာ သီချင်းသံစဉ်တွေပိုနာဆင်လာတယ် တစ်ယောက်တည်းဘဝမှာ ဖုန်းမေ့ကျန်တတ်လာတယ် တစ်ယောက်တည်းဘဝမှာ အကျင့်စိုးလေးတွေကိုမွေးလာတယ် တစ်ယောက်တည်းဘဝမှာ တင်းတိမ်မရောင့်ရဲတတ်တော့ဘူး တစ်ယောက်တည်းဘဝမှာ အထီးကျန်တာကလွဲလို့ ပျော်ဖို့ကောင်းလာတယ် တစ်ယောက်တည်းဘဝမှာ ပိုရင့်ကျတ်လာတယ် တစ်ယောက်တည်းဘဝမှာ မိဘနဲ့…
Read More
September 11, 2010

မုန်းလေပြီ စက်တင်ဘာ

စက်တင်ဘာကို မမုန်းချင်ဘူးဒါပေမယ့်………..အချစ်မင်းပြောတဲ့ စကားလေးတွေအချစ်မင်းပေးမဲ့ အိပ်မက်တွေအချစ်မင်းရဲ့ အကြင်နာတွေမရနိုင်တဲ့ ဒီ စက်တင်ဘာ။အချစ်မင်းကို ပြောချင်တဲ့စကားတွေအချစ်မင်းကို ပေးချင်တဲ့ အိပ်မက်တွေအချစ်မင်းအတွက် ငါ့အကြင်နာတွေမပေးနိုင်တဲ့ ဒီ စက်တင်ဘာ။ငါမုန်းသင့်ပါသလားမုန်းလေပြီလေ စက်တင်ဘာအမြန်ကုန်ဆုံးပါတော့။
Read More
August 2, 2010

ရန်ကုန်ည

ရန်ကုန်ည ရန်ကုန်ညအရောင်တွေစုံတဲ့ မီးရောင်တွေကြားငါ တစ်ယောက်တည်း လွင့်မျောရင်းသတိရမိတယ်။ ရန်ကုန်ညအဆင့်အတန်းအမျိုးမျိုးနဲ့လှုပ်ရှားသွားလာနေကြတဲ့ လမ်းမများငါ တစ်ယောက်တည်း စီးနင်းရင်းသတိရမိတယ်။ ရန်ကုန်ညလူတွေကြားထဲ ငါတိုးဝှေ့ရင်းအရှေ့ အနောက် တောင် မြောက်လျှက်စီးပြက်တဲ့ တစ်ခဏသတိရမိတယ်။ လွမ်းလိုက်တာနင်မရှိတဲ့အထီးကျန်နေတဲ့ရန်ကုန်ည တစ်ည။
Read More
May 24, 2010

ကြယ်တွေဆုံတဲ့ည

၀မ်းနည်းမှုတွေ ကြုံတွေ့တိုင်း ကြယ်တွေဆုံတဲ့ ကောင်းကင်ကြီးကို ငါမော့ကြည့်မိတယ်။ ကောင်းကင်ကြီးရယ် ဘာလို့ ဟိုးအဝေးကြီးမှာ နေနေရတာလည်း။ ကောင်းကင်ကြီးရယ် ကြယ်တွေဆုံတဲ့နေ့မှာတော့ ရယ်မောနေပြီး တိမ်တွေဖုံးတော့ ဘာလို့ ငိုရတာလည်း။ ကောင်းကင်ကြီးရယ် မငိုပါနဲ့။ ငါဝမ်းနည်းလွန်းလို့ပါ ကြယ်တွေဆုံတဲ့ညကို ငါတမ်းတမိတယ်။
Read More
May 9, 2010

အမေ

အမေ အမေ့ အရိပ်မှာ နေရတာလောက် လုံခြုံအေးမြတဲ့ နေရာ ရှာလို့တွေ့နိုင်မယ် မထင်ပါဘူး။ အမေ အမေ့ စကားသံ နားထောင်ရတာလောက် နွေးထွေးတဲ့ အသံ ကြားနိုင်မယ် မထင်ပါဘူး။ အမေ အမေ့ အပြုံး မြင်ရတာလောက်…
Read More
May 5, 2010

တံတားတစ်စင်း

တံတားတစ်စင်း ဖြစ်ချင်တယ် တံတားတစ်စင်း ဆိုတာ ဟိုဘက်ဒီဘက်အဆင်ပြေအောင် လုပ်ပေးတဲ့ သူပါ သူ့မှာ ဘာမျှော်လင့်ချက်မှ မရှိပါဘူး။ ဒါပေမယ့် တံတားတစ်စင်း ဖြစ်ဖို့အတွက် မြစ်ကြီးကို ဖြတ်သန်းရတယ်။ မြစ်ကြီးရဲ့စီးဆင်းမှုကို ပိတ်စို့ မိတယ်။ မြစ်ကြီးရဲ့ အလှတွေကို…
Read More
May 4, 2010

ဝေလွင့်သွားသော ကမာ

ဝေလွင့်သွားသော ကမာ ကမာလေးရေ ပုလဲလေ နင်နဲ့ မခွဲချင်ပါဘူး။ ဒါပေမယ့် လေ လောကကြီးရဲ့ ကံကြမ္မာကြောင့် ငါတို့ ဝေးခဲ့ကြရတယ်လို့ပြောရမလား။ နင်ကငါ့ကို စွန့်သွားတာလား ငါကနင့်ကို ထားသွားတာလား ကံတရားကြောင့်ပဲလား အငြင်းမပွားချင်တော့ပါဘူး။ ကမာလေးရေ နင်မရှိတော့…
Read More
May 3, 2010

တစ်ကိုယ်တည်း

အသက်ရှုကြပ်တယ် ငါ အသက်၀၀ ရှုလို့ မရဘူး လေတွေ မရှိတော့တာလား ငါကပဲ အားမရှိတော့တာလား ဘာတွေဖြစ်နေတာလဲ ကြောက်လိုက်တာ ငါ အသက်၀၀ရှုလို့ မရဘူး ကူညီ မဲ့နေတာလား ငါ တုန်လှုပ်နေတာလား ငါ ခြောက်ခြားနေတာလား…
Read More

Add AI Chatbot

It talks to your visitors, helps, explains, works in all languages, never misses a chat and increases conversion rates!

Install Asyntai Plugin