
တံတားတစ်စင်း ဖြစ်ချင်တယ်
တံတားတစ်စင်း ဆိုတာ
ဟိုဘက်ဒီဘက်အဆင်ပြေအောင်
လုပ်ပေးတဲ့ သူပါ
သူ့မှာ ဘာမျှော်လင့်ချက်မှ မရှိပါဘူး။
ဒါပေမယ့်
တံတားတစ်စင်း ဖြစ်ဖို့အတွက်
မြစ်ကြီးကို ဖြတ်သန်းရတယ်။
မြစ်ကြီးရဲ့စီးဆင်းမှုကို ပိတ်စို့ မိတယ်။
မြစ်ကြီးရဲ့ အလှတွေကို ဖျတ်စီးမိတယ်။
မြစ်ကြီးရဲ့ ကြမ်းပြင်ရင်ခွင်ကို ထိုးဖောက်မိတယ်။
မြစ်ကြီးရဲ့ ပတ်ဝန်းကျင်ကို အကျည်းတန်စေမိတယ်။
အဲဒီလို လုပ်ခဲ့မိတဲ့
တံတားတစ်စင်းအနေနဲ့
မြစ်ကြီးကို အားနာနေမိတယ်။
ဒါပေမယ့် မြစ်ကြီးရေ
ငါနဲ့ မင်းနဲ့ အတူတူ အမြဲရှိနေနိုင်ပြီလေ။
ငါ ပျက်ဆီးမသွားခင် အထိပေါ့။
ငါဘာတွေပြောပြော
မြစ်ကြီး မင်းက အပြုံးမပျက်ပါပဲနော်
စီးဆင်းမြဲ အတိုင်း
စီးဆင်းနေဆဲပါပဲလား။
ရေးသားသူ။ ။ ကောင်းမြတ်ထွန်း
http://kaungmyattun.wordpress.com
http://groups.google.com/group/a_lin_say_ta_mum
မြစ်ကြီးရဲ့ရင်ခွင်ကိုထိုးဖောက်စရာမလိုတဲ့ ကြိုးတံတားဆောက်လိုက်လေ နော မြစ်ကမ်းစပ်နားလောက်မှာ ပဲအုပ်မြစ်ချထားတော့ သိပ်ပြီးတော့မပြောပလောက်ဘူးလေ မြစ်ကြီးကိုအားနာစရာမလိုတော့ဘူးပေါ့
ဟုတ်တယ်နော်။ အကြံပေးတာ ကျေးဇူးတင်ပါတယ်။
I THINK YOU MAKE THE CONNECTION IS QUIET DEEP BUT FEEL TO READ IT WELL. THANKS .
Thanks you.
အပြန်အလှန်ပေးဆပ်ရတာပေးလေ..
မြစ်ကြီးရဲ့ ကြမ်းပြင်ရင်ခွင်ကို ထိုးဖောက်ရသလို……
တံတားကလည်းး အရာရာအဆင်ပြေဖို့ ကျောခင်းပေးရတာပဲလေ…
ဟုတ်ဘူးးလားးးး.
ထင်မြင်ချက်ကိုရေးတာပါ အမှားပါလျှင်ခွင့်လွှတ်စေချင် 🙂
တံတားလည်း မျှော်လင့်ချက် ရှိတတ်တာပဲ.. ခိုင်ခန့်ဖို့နဲ့ ရေရှည်တည်တံ့ဖို့ စသဖြင့်ပေါ့..
သြော်…. မြစ်ကလည်းတိတ်တိတ်လေးလက်စားချေတတ်တာ သူငယ်ချင်းမေ့နေရော့သလား။
တံတားတွေပျက်ဆီးတာဖြတ်ကူးသူတွေကြောင့်ပဲထင်နေသလား။ မြစ်ကြီးကအငြိုးတကြီး တိတ်
ဆိတ်စွာလက်စားချေနေတာကလွဲယင်…..