ကျွန်တော်နှင့် Bridge SE

Bridge SE (BSE)ဆိုတာ ဘာလဲပေါ့။ ဒီစကားလုံးက ဂျပန်နိုင်ငံက system development တွေကို outsourcing လုပ်တဲ့ system development company တွေသုံးနှုန်းတဲ့ စကားလုံးလို့ ဆိုလို့ရမယ်ထင်တယ်။

Japan မှာ Development လုပ်ငန်းတွေမှာ စရိတ်စကတွေ ကြီးမားလာမှုကို လျော့ချနိုင်ဖို့အတွက် ဒီလိုမျိုး outsourcing လုပ်ငန်း Global Delivery လုပ်ငန်းတွေ အရမ်းကို တိုးပွားလာတယ်လို့ ဆိုရမယ်။

လုပ်အားခ ဈေးသက်သာတဲ့ နိုင်ငံတွေမှာ အဆင့်ခြင်းတူတဲ့ နည်းပညာရှင်တွေကို သုံးနိုင်တော့ အကျိုးအမြတ်ရောများပြီး ကုန်ကျစရိတ် သက်သက်သာသာနဲ့ အလုပ်တွေကို လုပ်နိုင်ကြတယ်လေ။

BSEဆိုတာက ဂျပန်ဘက်က company(members) နဲ့ outsource လက်ခံတဲ့ နိုင်ငံက company(members)ကြားမှာ တံတားတစ်စဉ်းလို ချိတ်ဆက်ပေးရတဲ့ အလုပ်ဆိုပါတော့။

BSE တစ်ဦးက ဂျပန်နိုင်ငံ ကို သွားပြီး လိုအပ်ချက်တွေ စုစည်း စာတမ်းတွေကို ပြုစုပြီး စနစ်တစ်ခုလုံးကို နားလည်သဘောပေါက်အောင် လုပ်ရပါတယ်။ ပြီးတော့ အဲဒီစနစ်ကို coding ရေးမယ့် ကိုယ့်company ကmembersတွေကို ပြန်လည်ရှင်းပြပေးပြီး စနစ်တည်ဆောက်မှု လုပ်ငန်းစဉ်ကို စရပါတယ်။

BSE တစ်ဦးအနေနဲ့ လိုအပ်ချက်တွေကတော့
၁) နည်းပညာ နားလည်သဘောပေါက်မှု အဆင့်အတန်း မြင့်မားရပါမယ်။
၂) ဘာသာစကား ကျွမ်းကျင် ပိုင်နိုင်မှု ရှိရပါမယ်။ (ဂျပန်စာဆိုရင် Level 1 အဆင့် ရှိရပါမယ်)
၃) ဆက်ဆံရေး ကျွမ်းကျင် ပိုင်နိုင်မှု ရှိရပါမယ်။
၄) management skill level ကျွမ်းကျင်မြင့်မားမှု ရှိရပါမယ်။
၅) leadership skill level ကျွမ်းကျင်မြင့်မားမှု ရှိရပါမယ်။
၆) ရှင်းလင်းသေချာတဲ့ QA အမေးအဖြေ လုပ်နိုင်စွမ်း ရေးနိုင်စွမ်းရှိရပါမယ်။
၇) professional mindset ရှိရပါမယ်။
၈) အခြား အခြားသော လိုအပ်သော domain knowledge နဲ့ အတွေ့အကြုံတွေ လိုအပ်ပါတယ်။

ဂျပန်နိုင်ငံကို လာပြီး စနစ်နဲ့ ပတ်သက်တာတွေကို ယူပြီး ကိုယ့်နိုင်ငံပြန်ပြီး BSE လုပ်ရတဲ့ project တွေရှိသလို ၊ ဂျပန်နိုင်ငံကနေ ပြီး BSE အနေနဲ့ ကိုယ့်နိုင်ငံကို online ကနေတဆင့် အလုပ်လုပ်ရတာ မျိုးတွေလည်း ရှိပါတယ်။

ဂျပန်နိုင်ငံကနေပြီး BSE လုပ်ရတဲ့ အခါမျိုးတွေမှာဆိုရင် ကိုယ့်နိုင်ငံရဲ့ အချိန်နဲ့ လိုက်ညှိပြီး အလုပ်လုပ်ရတာမျိုးတွေလည်း ရှိတာပေါ့။ စားပွဲ ပေါ်မှာ နာရီ နှစ်လုံးတင်ပြီး ဂျပန်မှာ ဘယ်အချိန် ကိုယ့်နိုင်ငံမှာ ဘယ်အချိန်ရှိပြီလဲ ဆိုတာမျိုးကအစ အသေးစိတ် လုပ်ရတယ်။

ညှိနှိုင်းဆွေးနွေးမှု၊ အစည်းအဝေးတွေ၊ စတာတွေမှာ ပါဝင်ဆောင်ရွက်ရတယ်။ ကိုယ့်နိုင်ငံက development လုပ်မဲ့ members တွေ အဆင်ပြေ ချောမောစွာ အလုပ်လုပ်နိုင်အောင် ကြိုးစားဆောင်ရွက်ရပါတယ်။

အခုကစပြီး မြန်မာနိုင်ငံမှာလည်း ဒီလို BSE အလုပ်တွေ ပိုပြီး များပြားလာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့ကြောင့် ကိုယ့်ဘက်က အမြဲအဆင်သင့် ဖြစ်နေအောင် ပြင်ဆင်မှုတွေကတော့ လုပ်ဆောင်ထားသင့်ပါတယ်။

ရေးသားသူ။ ။ ကောင်းမြတ်ထွန်း
http://kaungmyattun.wordpress.com
http://groups.google.com/group/a_lin_say_ta_mum

2 responses to “ကျွန်တော်နှင့် Bridge SE”

  1. hnin win win than Avatar
    hnin win win than

    thank you

    1. ေက်းဇူး

Leave a Reply

Discover more from HOME

Subscribe now to keep reading and get access to the full archive.

Continue reading