၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၂ ရက် ၁ နာရီ ၁၂ မိနစ်
A>B; B>C; then A>C
သူငယ်ချင်းရေ
နေကောင်းရဲ့လား။ ဒီအောက်မှာရေးထားတဲ့ argument ကို ဖတ်ကြည့်ပါဦး။
A is greater then B; B is greater then C. Therefore A is greater than C
A>B; B>C; then A>C
အေ က ဘီ ထက်ကြီးတယ်၊ ဘီက စီ ထက်ကြီးတယ်။ ဒါ့ကြောင့် အေက စီထက်ကြီးတယ်ဆိုတဲ့ အကြောင်းကို သိသာနေပါတယ်။ ဒါဟာ မှန်တယ်လို ထင်ပါသလား။
ဒါပေမယ့် ဖော်ပြထားတဲ့ အေ ဆိုတာ ဘာလဲ၊ ဘီဆိုတာ ဘာလဲ၊ စီဆိုတာ ဘာလဲ။
9>7; 7>5; then 9>5
နဲ့
1>4; 4>3; then 1>8
ကို ယှဉ်ကြည့်ရအောင်။ ချက်ခြင်းသိနိုင်မှာပါ။ ဒုတိယတစ်ခုက မှားနေတယ်ဆိုတာကို။ ပထမတစ်ခုကတော့မှန်ပြီး ဒုတိယတစ်ခုက ဘာလို့မှားသွားရတာလဲ။ အသုံးပြုလိုက်တဲ့ တန်ဖိုးအသုံးက မှားသွားလို့ပဲပေါ့။
သူငယ်ချင်းရေ ငါတို့ လောကကြီးထဲမှာ အသုံးပြုလက်ခံထားကြတဲ့ ပုံသေနည်းတွေ အများကြီးပါပဲ။ သင်္ချာတစ်ခုတည်းမဟုတ်ပါဘူး။ ဒီလို ပုံသေနည်းတွေ သုံးသပ်ချက်တွေ ဘောင်တွေ နည်းစနစ်တွေကို ရရှိလာတဲ့ အချက်အလက်တွေကို အသုံးချပြီး ဆုံးဖြတ်ကြ လုပ်ဆောင်ကြ တယ်။ ဒီလိုအခါမျိုးတွေမှာ မှားယွင်းတဲ့ အချက်အလက်တွေကို အသုံးပြုပြီးတော့သာ ဆုံးဖြတ်ကြ လုပ်ဆောင်ကြမယ်ဆိုရင် ဘယ်လောက်ပဲ ကောင်းမွန်တဲ့ ပုံသေနည်းပဲ ဖြစ်ဖြစ် မှားတော့မှာပါပဲ။ ဒါ့ကြောင့် ငါတို့တွေ အသုံးပြုမယ့် အချက်အလက်တွေ အကြောင်းအရာတွေကို မှန်မှန်ကန်ကန် အသုံးပြုနိုင်မှသာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ရလာနိုင်မယ်။
ဒီနေ့ခေတ်လို သတင်းနည်းပညာခေတ်ကြီးထဲမှာ သတင်းအချက်အလက်တွေ ပျံ့နှံ့မှုက အလွန်ကို မြန်ပါတယ်။ ဒီသတင်း အချက်အလက်တွေကို မှန်ကန်မှု ရှိရှိနဲ့ အသုံးချနိုင်မှသာ ငါတို့ လူ့ဘောင်လောကကြီးကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်မှာပါ။
ခင်တဲ့
ကောင်းမြတ်ထွန်း