မြန်မာယာဉ်မောင်းလိုင်စင်ရှိပြီး ဂျပန်နိုင်ငံက လိုင်စင်ကို ရယူချင်တယ်ဆိုရင် အရင်ဦးစွာ စာရွက်စာတမ်းတွေပြင်ဆင်ရပါမယ်။
1. JAF Japanese Translation for Driver License မူရင်း
မြန်မာနိုင်ငံကရရှိထားတဲ့ လိုင်စင်ကို ဘာသာပြန်ရပါမယ်။ JAF မှဘာသာပြန်ထားတဲ့ စာရွက်လိုအပ်ပါတယ်။ လိုင်စင်မူရင်းကို ပို့ပေးပြီး ဘာသာပြန်ရပါမယ်။ See the following URL for detail.
http://www.jaf.or.jp/inter/translation/index_e.htm
2. Driving License Record and History မူရင်း၊ ဘာသာပြန်(English)
မြန်မာနိုင်ငံက ကညနက ထုတ်ပေးတဲ့ လိုင်စင် မှန်ကန်ကြောင်းနဲ့ သက်တမ်းတိုး မှတ်တမ်း စာရွက် မြန်မာစာ မူရင်းနဲ့ အင်္ဂလိပ်ဘာသာပြန်လုပ်ရပါမယ်။ သက်တမ်းတိုး မှတ်တမ်းက ကညနမှာ ထုတ်ပေးရခက်တယ်လို ပြောလေ့ရှိပါတယ်။ OPMပေးပြီး ရေးခိုင်းတာဖြစ်ဖြစ်၊ ကိုယ့်ဘာကို မှတ်မိရင် လက်ရေးနဲ့ ရေးပြီး၊ အင်္ဂလိပ်ဘာသာပြန်ရာမှာ သေချာ ရိုက်ပေးရင် okပါတယ်။
3. Passports (Current one and Olds) မူရင်း
လက်ရှိ passportအပြင် အရင်တုန်းက အဟောင်းတွေပါ ပြရမှာဖြစ်ပါတယ်။ ဂျပန်မလာခင် လိုင်စင်ရပြီး မြန်မာနိုင်ငံမှာ ၆လနေခဲ့လားဆိုတာကို စစ်ဆေးဖို့ဖြစ်ပါတယ်။
4. Jyuminhyo
မြို့နယ်ရုံးမှာ ယူလို့ရပါတယ်။
5. Driving License မူရင်း
6. Resident Card မူရင်း
အထက်ပါစာရွက်စာတမ်းများ စုံလင်ပြီဆိုရင် 鮫洲運転免許試験場 ကိုသွားပြီး လျောက်လွှာတင်ရပါမယ်။
http://www.keishicho.metro.tokyo.jp/menkyo/menkyo/basyo/samezu.htm
လျောက်လွှာက အဲ့ဒီကိုရောက်မှဖြည့်ရပါမယ်။ တနင်္လာနေ့ကနေ သောကြာနေ့ မနက် ၈နာရီခွဲကနေ ညနေ၃နာရီအထိ လျောက်လွှာလက်ခံတယ်ဆိုပေးမယ့် မနက်စောစောသွားပြီး လျောက်တာကောင်းပါတယ်။ စောင့်နေရပြီး ပြီးမယ့်အချိန်က ညနေ ၃နာရီ ၄နာရီလောက်အထိ ဖြစ်တတ်ပါတယ်။ စာရွက်စာတမ်းမစုံခဲ့ဖူးဆိုရင်တော့ နောက်နေ့တစ်ခါထပ်ပြီး လာရပါမယ်။
စာရွက်စာတမ်းစုံလို့ လျောက်လွှာကို လက်ခံတယ်ဆိုရင်တော့၊ မျက်စိစစ်၊ရေးဖြေအတွက် ငွေသွင်းပြီး၊ မျက်စိစစ်၊ ရေးဖြေဖြေရပါမယ်။ မျက်စိစစ်တာက ပုံမှန် မျက်စိ အမြင်စွမ်းအားကို စစ်ဆေးတာဖြစ်ပြီး အရောင်(ဝါစိမ်းနီ)ခွဲနိုင်သလား စစ်ပါတယ်။ ရေးဖြေကလည်း မြန်မာလို ဖြေနိုင်ပါတယ်။ မေးခွန်း ၁၀ ပုဒ် မေးတာဖြစ်ပြီး ၇ပုဒ်မှန်ရင်အောင်တယ်ပြောပါတယ်။ လမ်းညွှန်အမှတ်အသား တွေကို Multiple ရွေးရတာပါ။ ခက်ခဲတဲ့မေးခွန်းတွေ မဟုတ်ပါဘူး။ ဂျပန်နိုင်ငံက လမ်းညွှန်အမှတ်အသားတွေကို လေ့လာမှတ်သားထားမယ်ဆိုရင် ဖြေနိုင်ပါတယ်။
မျက်စိစစ်၊ ရေးဖြေစာမေးပွဲအောင်မြင်သွားရင် အထက်ပါ စာရွက်စာတမ်းတွေကို စာအိတ်နဲ့ထည့်ပေးပြီး၊ ယာဉ်မောင်းစစ်စာမေးပွဲအတွက် Reservationလုပ်ရပါတယ်။ မိမိခွင့်ယူလို့ရမယ့် နေ့ကို reserve လုပ်ပါ။
http://www.keishicho.metro.tokyo.jp/menkyo/menkyo/basyo/fuchuu.htm
ယာဉ်မောင်းစစ်ဖြေမယ့်နေ့မှာ စာရွက်စာတမ်းထည့်ထားတဲ့ စာအိတ်၊ မြန်မာလိုင်စင်၊ Resident Card, Passportကိုယူပြီး၊ ချိန်းထားတဲ့ အချိန် မတိုင်ခင် 府中運転免許試験場ကိုအရောက်သွားရပါမယ်။ သက်မှတ်ထားတဲ့နေရာမှာ စာရွက်စာတမ်းတွေ ပေးပြီး ယာဉ်မောင်းစစ်အချိန်အထိ စောင့်ပြီး စစ်ဆေးမယ့် ဆရာမလာခင် ဘယ်လိုပုံစံစစ်ဆေးတယ်၊ ဘာတွေကို သတိထားရမယ်ဆိုတာကို ပြောပြပါတယ်။
စစ်ဆေးမယ့်ဆရာလာတော့၊ ယာဉ်စစ်ကွင်းကိုသွားပြီး ကိုယ့်အလှည့်ကို စောင့်ရပါတယ်။ ယာဉ်မောင်းစစ် ဆရာကထပ်ပြီးတော့ သတိထားရမယ့် အချက်တွေကို ထပ်ရှင်းပြပါတယ်။
ကိုယ် မောင်းရမယ့် အလှည့်မရောက်ခင် ကိုယ့် အရှေ့ကလူ ယာဉ်မောင်းစစ်ဆေးတာကို ကိုယ်က အနောက်ခန်းကနေ လိုက်စီးပြီး ကြည့်ရပါတယ်။ ကိုယ့်အလှည့်ရောက်ရင်လည်း ကိုယ့် အနောက်ကလူက ကိုယ်မောင်းတဲ့ ကားအနောက်ခန်းကနေ လိုက်စီးပြီး ကြည့်ရပါတယ်။
ကိုယ် ယာဉ်စစ်ဆေးမယ့် အလှည့်ရောက်ရင် နောက်ခန်းကနေဆင်းပြီး
၁) ကားရှေ့မှ ကားအောက်ကိုကြည့်စစ်ဆေးပြီး၊ လက်ယာရစ်ပတ်စစ်၊ ကားအနောက်မှ ကားအောက်ကိုကြည့်စစ်ဆေးပြီး ယာဉ်မောင်းခန်းဘေးတွင်ရပ်ကာ ရှေ့နောက်ကြည့်စစ်ပြီး ကားထဲဝင်ထိုင်ပါ။
၂) ယာဉ်မောင်းထိုင်ခုံဘေးတွင် ထိုင်နေသော ယာဉ်စစ်သူကို Resident Cardနဲ့ reservation cardကိုပေးပါ။
၃) ယာဉ်မောင်းခါးပတ်ပတ်၊ တံခါးလော့ချ၊ ထိုင်ခုံ နေရာအနေအထားကိုပြင်၊ နောက်ကြည့်မှန်ချိန်၊ ဘေးကြည့်မှန်စစ်၊ ဟန်းဘရိတ်ဆွဲထားမထားကြည့်၊ ဂီရာဖရီးဖြစ်မဖြစ်ကြည့်ပြီး အသင့်အနေအထားပြင်ရပါမယ်။
၄) အသင့်ဖြစ်ကြောင်း ပြောပြီး ယာဉ်စစ်သူက စက်နှိုးနိုင်ပြီဖြစ်ကြောင်းပြောလျင် ကလပ်၊ဘရိတ်ကိုနင်းပြီး စက်နိုှုးရပါမယ်။
၅) ဟန်းဘရိတ်ကိုချ၊ ဂီယာတစ်ပြောင်း၊ ညာဘက်အချက်ပြမီးပြ၊ ညာဘက်နောက်လှည့်ကြီး ဘေးကင်းရင် စထွက်လို့ရပါပြီ။
၆) စထွက်ပြီး အပြာရောင်တိုင်နှစ်ခုကြားမှာ ခဏရပ်ပြီး၊ ယာဉ်စစ်သူမှ စထွက်ရန်ထပ်ပြောမှ စထွက်ရပါမယ်။
၇) ရပ်ဆိုတဲ့ အမှတ်အသားရောက်ရင်ရပ်ပြီး၊ ယာဉ်မောင်းစစ်က ပြောတဲ့အတိုင်း ကွေ့ရမယ့် ဘက်ကို အချက်ပြမီးပြပြီး ဘေးကင်းရင် ကွေ့ပြီး မောင်းရပါမယ်။
၈) လမ်းဘေး ဘယ်ဘက်ကို ကပ်ပြီး မောင်းရပါမယ်။
၉) ယာဉ်မျဉ်းပြောင်းလျှင် အချက်ပြမီးပြပြီး ဘေးကင်းကြောင်းကြည့်ပြီး ပြောင်းရပါမယ်။
၁၀) ယာဉ်မောင်းစစ်ပြောတဲ့ နံပတ်လမ်းတွင် အချက်ပြမီးပြပြီးကွေ့ရပါမယ်။ ကွေ့ရမှာက ညာဘက်ဆိုရင် ညာဘက်လိမ်းကိုပြောင်းပြီးမှ ကွေ့ရပါမယ်။ မကွေ့ခင် အချက်ပြဖို့နဲ့ ဘေးကင်းကြောင်း သေချာကြည့်ဖို့မမေ့ရပါဘူး။
၁၁) ယာဉ်မောင်းစစ်ပြောတဲ့ နံပတ်လမ်းတွေကို ဝင်ပြီး မောင်းပြယုံပါပဲ။ လေးထောင့်ကွက် လမ်းကျဉ်းနဲ့ S ပုံစံလမ်းကျဉ်းကိုလည်း မောင်းပြရပါမယ်။ အဲ့ဒီလမ်းတွေမှာ ဖြည်းဖြည်းမောင်းလို့ရပါတယ်။ လမ်းခုံပေါ်တက်သွားလျင် ဘရိတ်နင်းပြီး အနောက်ကို ပြန်ဆုတ်ပြီး ပြန်မောင်းလို့ရပါတယ်။
၁၂) မီးပွိုင့်တစ်ခုဖြတ်ပြီး၊ မီးဝါမှိတ်တုပ်ကိုလည်း ဖြတ်ရပါတယ်။ လမ်းမကြီးတွေကို ကွေ့ဝင်ခါနီးရင်လည်း ရပ်ဖို့မမေ့ဖို့နဲ့ ရပ်ရမယ့်နေရာတွေမှာ ရပ်ဖို့မမေ့ဖို့လိုပါတယ်။ မကွေ့ခင် ၃sec ကြိုပြီးပြရပါမယ်။ ဘရိတ်ကို စောင့်မအုပ်ဖို့နဲ့ ဖြည်းဖြည်း၃ချက်နင်းပုံစံနဲ့ ဘရိတ်နင်းသင့်ပါတယ်။
၁၃) နောက်ဆုံးကားရပ်ရမယ့် နေရာရောက်ရင် ဘယ်ဘက်ကို မီးအချက်ပြပြီး ကားကို ရပ်ရပါမယ်။ ကားရပ်ပြီးလျင် ဟန်းဘရိတ်ဆွဲ၊ ဂီယာဖရီးလုပ်ပြီး၊ ကားစက်ပိတ်ရပါမယ်။
၁၄) ယာဉ်မောင်းစစ်သူမှ မိမိယာဉ်မောင်းစစ် အောင်မြင်ကြောင်းပြောပြီး၊ Resident Cardနဲ့ ယာဉ်မောင်းစစ် အောင်မြင်ကြောင်းရေးထားတဲ့ ပန်းရောင်စာရွက်ပေးပါမယ်။ (မအောင်ရင် အဖြူရောင်စာရွက်ရပါမယ်)
၁၅) ပန်းရောင်စာရွက်ကိုယူပြီး ကောင်တာမှာ စာရွက်စာတမ်းတွေ ပေးပြီး ခဏစောင့်ရပါမယ်။
၁၆) လိုင်စင်ဖို့ ငွေသွင်းပြီး၊ passwordသွင်းပြီး၊ ဓာတ်ပုံရိုက်ရပါမယ်။
၁၇) နောက်ထပ် နာရီဝက်လောက်နေရင် လိုင်စင်ရပါပြီ။
၁၈) လိုင်စင်ယူပြီး စက်မှာ လိုင်စင်တင်ပြီး passwordရှိုက်ကာ မိမိအချက်အလက်များမှန်မမှန်စစ်ဆေးပြီး၊ ပြီးပါပြီ။
ယာဉ်မောင်းစစ်ကြာချိန်မှာ နေ့လည် ၁၂နာရီမှ ၅နာရီအထိကြာတာဖြစ်လို့ နေ့တဝက်လောက်တော့ အချိန်ကုန်သွားတာပါပဲ။