မူလ

အခုတလော……
ပေးလိုက်တိုင်း လက်ခံနေမိသည်။
လက်ခံချင်သော အရာများကို၎င်း
လက်မခံချင်သော အရာများကို၎င်း
လက်ခံမိလိုက်တော့လည်း
မိမိ ပိုင်ဆိုင်ရပါသော ကိုယ်ပိုင်ဖြစ်သွားပါသည်။
ကိုယ့်မှာ ပိုင်ဆိုင်ထားနိုင်တာက အကန့်အသတ်ရှိတော့
လက်ခံမိလိုက်တဲ့ ပေးအပ်လာတဲ့ အရာတွေက
ရှိနေပြီးသား ကိုယ်ပိုင်ဆိုင်တာတွေရဲ့နေရာကို
အတင်းနေရာဝင်ယူကြသည်။

ကိုယ်မြတ်နိုးတဲ့ ကိုယ့်ပိုင်ဆိုင်မှုတွေက
တစ်ပါးသူပေးသော ကိုယ်မကျွမ်းဝင်တဲ့ အရာတွေက
နေရာဝင်ယူကြရင်း ကိုယ်မြတ်နိုးမှုတွေက
တိတ်တိတ်ကလေး ထွက်ခွာသွားကြသည်။

ကိုယ် အကျွမ်းဝင်သော ကိုယ့်မူလ ပိုင်ဆိုင်မှုတွေကို
ပြန်လည် နေရာချထားပေးဖို့ အတွက်က
လက်ခံလိုက်မိပါသော တစ်ပါးသူပေးသော အရာတွေကို
ပြန်လည် အပ်နှင်းရန်နှင့် နောင်များတွင်လည်း
ပေးတိုင်း လက်မခံမိစေရန်…….

ထို့ထက်ပိုပြီး အရေးကြီးသည်မှာ တိတ်တဆိတ်ထွက်ခွာ
သွားသော ကိုယ့်မူလ ပိုင်ဆိုင်မှုများကို ပြန်လည်
ခေါ်ယူ ပိုင်ဆိုင်နိုင်ရေးသည်ပင်ဖြစ်သည်။

:: ကောင်းမြတ်ထွန်း

Leave a Reply

Add AI Chatbot

It talks to your visitors, helps, explains, works in all languages, never misses a chat and increases conversion rates!

Install Asyntai Plugin

Discover more from TUN株式会社

Subscribe now to keep reading and get access to the full archive.

Continue reading