၂၀၁၃ ခုနှစ် ကုန်ဆုံးတော့မည်။
2013 will be ended soon.
မိတ်ကောင်း ဆွေကောင်းများနှင့် ခရီးသွားခဲ့တဲ့ ၂၀၁၃ ခုနှစ် ကုန်ဆုံးသွားတော့မည် ဖြစ်ပေမယ့် နောက်နှစ် ၂၀၁၄ ခုနှစ်ထဲတွင်လည်း ထိုမိတ်ဆွေကောင်းများနှင့်အတူ ခရီးဆက်ပါဦးမည်။ အတူခရီးသွားဖို့သင့်တော်တဲ့ မိတ်ဆွေကောင်းတွေနဲ့ ခရီးတိုတွေ ခရီးရှည်တွေ ၂၀၁၃ မှာ ခရီးထွက်နိုင်ခဲ့သလို ၂၀၁၄ ကိုလည်း ဖြတ်သန်းချင်ပါတယ်။
I’ll travel 2014 with you all my friends.
ကျွန်တော့်ဘဝက လူအများသက်မှတ်ကြတဲ့ ကြီးကျယ်ခန်းနားမှုတွေ မရှိသလောက်ရှားပေမယ့် မိတ်ဆွေကောင်းတွေအတွက်တော့ ပျော်ရွှင်စွာ နေလောက်ပါတယ်။
I have many spaces for good friends.
ပျံသန်းလိုက်တော့လည်း လေဟုန်စီးနိုင်တာပေါ့။ အမြဲမှန်တယ်ဆိုတဲ့ လူရယ်လို့ မရှိသလောက်ပါပဲ။ ဂျာမန် ဒဿနပညာရှင်ကြီး ဟေဂယ်က ‘အမှားကို ကြောက် ခြင်းဟာ တိုးတက်မှုရဲ့ သေခြင်းပဲ’ Panic of error is the death of progress. လို့ပြောဖူးတယ်။ ၂၀၁၃ မှာလည်း ကျွန်တော် အမှားတွေအများကြီး လုပ်ခဲ့ပါတယ်။ မှားတယ်လို့ ဝန်ခံရန်ခက်ခဲတဲ့ ကိစ္စတွေလည်း ရှိခဲ့ပေမယ့် I was wrong. ၂၀၁၄ မှာလည်း ကျွန်တော် ဆက်ပြီး အမှားတွေလုပ်မိဦးမှာပါပဲ။
I’ll not afraid doing wrong and error in 2014, too.
ညအချိန်မတော် ရွာထဲကို ဝင်လာတဲ့ အိုးလှည်းကြီးကို ရွာထဲကခွေးတွေက ဟောင်တယ်ဆိုတာ သူတို့ အကျင့်စရိုက်အတိုင်း လုပ်ကြတာပါ၊ အိုးလှည်းကြီးကတော့ သွားရမယ့်ခရီးကို တအိအိနဲ့ ဆက်ပြီး သွားနေတာပါပဲ။ ကိုယ်ရည်ရွယ်ထားရာဆီကို မှန်မှန်သွားနေဖို့ပဲ လိုတာပါလေ။ ၂၀၁၄ ကိုလည်း ကျွန်တော် တအိအိနဲ့ ဆက်ပြီးသွားနေဦးမှာပါ။
I’m on my way for 2014.
ပန်းတိုင်းကို ပွင့်စေချင်ပါတယ်။ ၂၀၁၃ မှာကျွန်တော်က ခင်ဗျားတို့အတွက် မိတ်ဆွေကောင်း မဖြစ်ခဲ့ရင်၂၀၁၄ မှာကြိုးစားခွင့် ပြုပေးပါ။
I’ll be good, better and best for you.
Let me try again in 2014.
Happy New Year 2014 and may the good luck returns in your year 2014.
With all the best,
Kaung Myat Tun.

Leave a Reply