မီးတောက်နှင့်တူသော လူ့ဘဝ
လူ့ဘ၀ဆိုတာ မီးတောက်တစ်ခုလိုပါပဲ။ မီးတောက်တစ်ခုဖြစ်လာဖို့ မီးမွှေးရသလို လူသားတစ်ယောက်ဖြစ်လာဖို့ မွေးဖွားရတယ်။
မီးတောက်တစ်ခု ဖြစ်လာပြီ ဆိုတာနဲ့ အဲဒီမီးတောက်က ရှေ့ ဆက်ပြီး တောက်လောင်ဖို့ မီးတောက် အရှိန်မြင့်လာဖို့ အဲဒီ မီးတောက်
ကိုယ်တိုင်ကပဲ ဆက်ပြီး လုပ်သွားတာပါပဲ။ လူသားတစ်ယောက်ကလည်း သူ့ဘ၀တစ်ခု မွေးဖွားလာပြီး သူ့ဘ၀ ဆက်လက် မြင့်တက်ဖို့
တိုးတက်ဖို့ ကိုယ်တိုင် ဖန်တီးတည်ဆောက်ယူရတာပါပဲ။
မီးတောက်ဆိုတာမျိုးက အစပထမ မှာတော့ ဖြည်းဖြည်းမှန်မှန် အေးအေး ဆေးဆေး တောက်လောက်နေတာပေါ့။ အဲလိုပဲ လူသားတစ်ယောက်ရဲ့ 
ဘ၀ အစက တကယ့်ကို ဖြည်းဖြည်းမှန်မှန်ပါပဲ။
အချိန်တွေ ရွေ့ လျားလာတော့ တောက်လောင်မှုအရှိန်က မြင့်လာတယ်။ မီးတောက်ကြီး ပိုပြီးတော့ ကြီးမားလာတာပေါ့။ မီးတောက်ကြီးလေ
မြင့်လာတာနဲ့ အမျှ ပိုပိုပြီးတော့ ပူလောင်လာတယ်။
အဲလိုပဲ လူသားတွေ ဘ၀ကလည်းအချိန် တွေ ပြောင်းလဲလာတာနဲ့ အမျှ လောဘ ဒေါသ
မောဟတွေနဲ့ မီးတောက်ကြီးလိုပဲ ပိုပိုပြီးတော့ ပူလောင်လာတယ်။
အချိန် တစ်ခုမှာတော့ မီးအရှိန် အမြင့်ဆုံး အတောက်လောင်ဆုံး အပူပြင်းဆုံး အချိန် ဆိုတာ ရှိတာပေါ့။ အဲလိုပဲ လူတစ်ယောက်ရဲ့  ဘ၀မှာ
တောက်လောင်မှု အရှိန်အပြင်းဆုံး အချိန်လိုပါပဲ။ ပူလောင်မယ် တောက်လောက်မယ်။ ကိုယ့် ကို ၀ါးမြိုနေမှန်းမသိ တောက်လောင်ခံနေမယ်။
ပြီးရင်တော့ တဖြည်းဖြည်း တောက်လောင်မှုအရှိန်တွေလျော့ကြ မီးစာကုန်တော့လည်း ငြိမ်းသက်သွားပြီး ပြာပုံတစ်ခုသာကျန်နေခဲ့တာပါပဲ။
သြော်…… မီးတောက်နှင့်တူသော လူ့ဘဝ
Posted in Uncategorized
One thought on “မီးတောက်နှင့်တူသော လူ့ဘဝ
  1. အင်း.. ခုငါတို့က အတောက်လောက်ဆုံး အချိန်ရောက်နေတာ ထင်ပါရဲ့
Leave a Reply
Add AI Chatbot
It talks to your visitors, helps, explains, works in all languages, never misses a chat and increases conversion rates!
Install Asyntai Plugin
Discover more from TUN株式会社
Subscribe now to keep reading and get access to the full archive.
Continue reading