မှန်ကန်တဲ့ တွေးတောမှု
လူသားတွေဟာ ကိုယ်တွေးတောတဲ့ အတိုင်း ကိုယ်ဘဝက ဖြစ်ပျက်နေတာပါပဲ။ ကိုယ်ဘာတွေးနေသလဲ ကိုယ်ဘာဖြစ်ချင်တာလဲ ဆိုတာကို ကိုယ်ကိုယ်တိုင်သိပြီး ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာကို ပဲ တွေးတောသင့်တယ် ဆိုတာပါပဲ။ ကောင်းတာဖြစ်ချင်ရင် ကောင်းတာကို တွေးပါ။ ကောင်းတာတွေးရင် ကောင်းတာဖြစ်ပြီး၊ မကောင်းတာတွေးရင် မကောင်းတာဖြစ်တာ သဘာဝပါပဲ။
များသောအားဖြင့် လူတွေဟာ ကိုယ်မဖြစ်ချင်တာကို တွေးတောကြတာများတယ်လို့ သိရပါတယ်။
ကိုယ်မဖြစ်ချင်တာတွေကို တွေးတောပြီး ကိုယ်မဖြစ်ချင်တာတွေ ဖြစ်နေကြတတ်ပါတယ်။ ဥပမာ အနေနဲ့ ကိုယ်က အလုပ်ကို နောက်မကျချင်ဘူး လမ်းမှာလည်း ကားပေါ်မှာလည်း နောက်ကျတော့မှာပဲ နောက်ကျတော့မှာပဲ လို့တွေးတောနေရင် တကယ်နောက်ကျတတ်တဲ့ အဖြစ်အပျက်မျိုးတွေ ကြုံ ဖူးကြမယ် ထင်ပါတယ်။
ဒါဆိုရင် ကောင်းတာတွေကို တွေးတောကြံစလိုက်တာနဲ့ ကောင်းတာတွေကြီးပဲ ဖြစ်နေတော့မှာလား။ အဲဒါက ကိုယ့်အပေါ်မှာ မူတည်ပါတယ်။ ကိုယ်ကိုယ်တိုင်က အစဉ်အမြဲကောင်းတာတွေကိုပဲ စဉ်းစားနေရင် ကောင်းတာတွေကြီးပဲ ဖြစ်နေနိုင်ပါတယ်။
ဘဝမှာ အမှားတွေ အများကြီးရှိတဲ့သူတွေ ရှိနိုင်သလို အမှားမရှိတဲ့သူ နည်းတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ အမှားလုပ်တာ လူ့သဘာဝတစ်ခုပါပဲ လို့ ထင်ပါတယ်။ အမှားလုပ်မိလို့ နောင်တတွေရ ပူပန်နေမယ်ဆိုရင် ပူပန်မှု ဆင်းရဲ ပဲ ကိုယ့်စီကို ရောက်နိုင်ပါတယ်။
အဓိကကတော့ ကိုယ်ရဲ့စိတ်ထားက သန့်ရှင်းဖြူစင်နေမယ်ဆိုရင် ကောင်းမွန်တဲ့ အတွေးတွေပဲ ကိုယ့်စိတ်မှာ ဖြစ်တည်နေမှာပါ။ ဒါဆိုရင် မကောင်းတဲ့ အတွေးတွေ မရှိတော့တဲ့ အတွက် မကောင်းတဲ့ အဖြစ်အပျက်တွေ ကိုယ့်စီကို ရောက်လာမှာ မဟုတ်တော့ပါဘူး။
မိမိရဲ့ မသိစိတ် သိစိတ်တွေကို ကိုယ်ကိုတိုင် ထိန်းသိမ်းနိုင်ပြီး ကိုယ်ဘဝကို ကိုယ်ကိုယ်တိုင် တည်ဆောက်နိုင်ဖို့ဆိုတာ မလွယ်ဘူးလို့ ထင်ရပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။
ဒါ့ကြောင့် ကောင်းမွန်မှန်ကန်တဲ့ အတွေးတွေကိုယ် တွေးတောပြီး ကောင်းမွန်မှန်ကန်တဲ့ ဘဝတွေကို ဖြတ်သန်းကြပါစို့။
We are shaped by our thoughts; we become what we think. When the mind is pure, joy follows like a shadow that never leaves. Buddha
ရေးသားသူ။ ကောင်းမြတ်ထွန်း