တစ်ချို့ က ပြောကြတယ် အချစ် ကို အဆက်အသွယ် မပြတ်စေနဲ့တဲ့
သွေးအေးသွားတတ်တယ်တဲ့…..
တစ်ချို့ က ပြောကြတယ် အချစ်ကို သွေးအေးမသွားစေနဲ့ တဲ့……..
ဒါပေမယ့် တကယ့် အချစ်မှာ သွေးအေးသွားတယ် ဆိုတာ မရှိပါဘူး……….
သွေးအေးသွားတယ် ဆိုတာ…..မရှိမှတော့ ……………….
တစ်ချို့ က ပြော ကြတယ် အချစ်ကို နာကြင်မှုတွေ မပေးပါနဲ့…တဲ့
စိတ်ကုန်သွားနိုင်တယ်တဲ့….
ဒါပေမယ့် တကယ့် အချစ်မှာ စိတ်ကုန်သွားတယ်ုဆိုတာ မရှိပါဘူး…………
စိတ်ကုန်သွားနိုင်တယ်ဆိုတာ…..မရှိမှတော့……………….
တစ်ချို့က ပြောကြတယ် အချစ်ကို လက်လွတ်မဆုံးရှုံးစေနဲ့တဲ့…….
လက်လွတ်သွားရင် ကြေကွဲရမယ်တဲ့……..
ဒါပေမယ့် တကယ့် အချစ်မှာ လက်လွတ်ဆုံးရှုံးကြေကွဲမှုဆိုတာ မရှိပါဘူး……..
လက်လွတ်ဆုံးရှုံး ကြေကွဲမှုဆိုတာ …..မရှိမှတော့……..
တစ်ချို့ က ပြော ကြတယ် အချစ်ကို သေခြာရွေးတဲ့
အရွေးမှားရင် မှားတတ်တယ်တဲ့…….
ဒါပေမယ့် တကယ့် အချစ်မှာ အရွေးမှားတယ် ဆိုတာ မရှိပါဘူး…..
အရွေးမှားတယ် ဆိုတာ…..မရှိမှတော့…..
တစ်ချို့ က ပြော ကြတယ် အချစ်ဆိုတာ အပြန်အလှန်ရှိမှတဲ့….
အပြန်အလှန် မချစ်ကြရင် အချစ်မဟုတ်ဘူးတဲ့………
ဒါပေမယ့် တကယ့် အချစ်မှာ အပြန်အလှန်လိုချင်မှုတွေ ဆိုတာ မရှိပါဘူး…..
အပြန်အလှန်လိုချင်မှုတွေ ဆိုတာ မရှိမှတော့…………..
အချစ်ဆိုတာ အချစ်ပဲပေါ့…….
………………………………………
အဲလိုတွေ ပြောတတ်တဲ့ ကျွန်တော့ကို
မချစ်တတ်တဲ့ သူ
လို့ ပြောကြတယ်………..
သူတို့တွေကိုပြောလိုက်တယ်……..
ငါက…….
မမုန်းတတ်တဲ့သူပဲ
ဖြစ်ချင်တာလို့…………………………..
—
KG,
from အလင်းစေတမန် (4:53 pm 14 Feb 2009)
အခ်စ္ဆုိတာ အခ်စ္ပါပဲတဲ့။ ကျွန်တော့် ချစ်သူ စိုင်းစိုင်းခမ်းလှိုင်က။ ကျွန်တော်လဲ အဲလိုပဲ လက်ခံထားပါတယ်။ စိုင်းစိုင်း အချစ်ဆိုတဲ့ ဖွင့်ဆိုချက်တွေကို ကြိုက်တယ်။ အချစ်ဆိုတာ ချစ်နေဖို့ပဲလိုတာပါ။ ကိုယ်က ချစ်နေရရင်ပြီးတာပါပဲ။ ကိုယ်ကို ဘယ်သူမှတားပိုင်ခွင့်မှမရှိတာ။
ဟုတ်တယ်ဟုတ်………….