Ajax နည်းပညာ မိတ်ဆက်

သူငယ်ချင်းရေ………

ဒီနေ့ နင့်ကို Ajax ဆိုတဲ့ ဒီကနေ့ ခေတ်စားနေတဲ့ နည်းပညာ အကြောင်းကို
ပြောပြချင်တယ်။ ဒီနည်းပညာက အခုနောက်ပိုင်း web application တွေမှာ
အသုံးများလာတယ်။ ဘာလို့လဲ ဆိုရင် ဒီနည်းပညာက web application တွေရဲ့ 
အားနည်းချက်ကို ဖြေရှင်းပေးလို့ပေါ့။ ဒီနည်းပညာကို သုံးလိုက်ရင် web
application တစ်ခုက window application နဲ့မခြား လွယ်လွယ်ကူကူ သုံးနိုင်လာတယ်။
ပိုပြီးတော့လည်း သုံးလို့ကောင်း အဆင်ပြေစေတာပေါ့။ ဒီ Ajax နည်းပညာကို Google.Inc
ကသုံးလိုက်တော့ လူသိများ ထင်ရှားလာတယ်။ နင်နေ့တိုင်းသုံးနေတဲ့ Google မှာ
Ajax နည်းပညာတွေ
အများကြီး သုံးထားတာပေါ့။

Ajax ကို Asynchronous Java Script and XML လို့ အဓိပ္ပါယ်ဖွင့်ကြတယ်။
တကယ့်တကယ်တော့ Ajax ရဲ့  အလယ်က X က XML မဟုတ်ပဲ XMLHttpRequest ကို ဆိုလိုတာပါ။
Ajax က နည်းပညာနှစ်ခု အပေါ်မှာ အခြေခံပြီး အလုပ်လုပ်တယ်။ တစ်ခုက JavaScript နဲ့
နောက်တစ်ခုက XMLHttpRequest တဲ့။ Browser တွေရဲ့  DOM (Document Object Model) နဲ့
DHTML တွေကလည်း အဓိကကြတဲ့ အပိုင်းကပါတယ်။

Ajax ကဘယ်လို အလုပ်လုပ်လဲ? Ajax ရဲ့  အဓိက စွမ်းရည်က web page တစ်ခုကို
သုံးနေတဲ့သူကို ဘာအနှောက်အယှက်မှမပေးဘဲ Web Server နဲ့ ချိတ်ဆက်နိုင်တယ်။ Page က
Refresh မဖြစ်ပဲနဲ့ ချိတ်ဆက်နိုင်တယ်။ အဲလိုဖြစ်အောင် XMLHttpRequest က
လုပ်ပေးတာပေါ့။ Ajax က Page တွေကို Refresh မဖြစ်စေပဲ update ဖြစ်စေတာပေါ့။ Ajax
ကိုသုံးပြီး page တွေရဲ့  အစိတ်အပိုင်း တစ်ခု (DOM object တစ်ခု)ကိုပဲ
refreshဖြစ်စေနိုင်တယ်။

ဥပမာ……Page တစ်ခုကို သုံးတယ်ဆိုပါစို့။ သုံးတဲ့ သူက request တစ်ခုကို submit
လုပ်လိုက်ရင်

၁။ Web browser က Page ရဲ့ လိုအပ်တဲ့ အပိုင်းတစ်ခုက အကြောင်းကိုပဲ ကွက်ပြီး
Requestလုပ်ပေးတယ်။

၂။ Web server က ရလာတဲ့ request ကို ပိုင်းခြားသုံးသပ်ပြီး XML message တစ်ခုကို
တည်ဆောက်ပြီး Web browser ကို ပြန်ပို့တယ်။

၃။ Web browser က XML message ကိုရတာနဲ့ အဲဒီ message ကို page ရဲ့ 
အကြောင်းအရာတွေကို update လုပ်နိုင်အောင် လုပ်တယ်

Ajax က JavaScript ကိုသုံးပြီး HTTP protocol ကနေတဆင့် Web server စီကို XML
messages တွေကို asynchronously ပို့တယ်။ asynchronously ဆိုတာက data
တွေက sequence
နဲ့ပို့တာမဟုတ်ဘူးလို့ ဆိုလိုတာ။

Ajax မှာ အဓိကမှတ်ထားသင့်တာတွေက…သုံးခုရှိတယ်။

၁။ XMLHttpRequest object ကို Web server တွေကို XML message ပို့ဖို့ သုံးပါ။

၂။ Request ကို Respond လုပ်နိုင်မယ့် service တွေကို web server မှာ create
လုပ်ပါ။

၃။ Client-side မှာ XMLHttpRequest object တွေကို parse လုပ်ပြီး HTML page ရဲ
့ DOM object ကို update လုပ်ပါ။

ဆိုတာတွေပါပဲ။

နောက်မှ ဆက်ပြောတော့မယ်နော်။

KG

2 responses to “Ajax နည်းပညာ မိတ်ဆက်”

  1. နီမိုလေး Avatar
    နီမိုလေး

    ဆက်ပြောမယ်ဆိုပီးးတော့ ဆက်လည်းပြောဝူးးးး
    ဒီမှာစိတ်ဝင်စားလို့ပါ
    ဆက်ရေးပါအုံးကိုကောင်းမြတ်ရ
    အဲ Ajax အကြောင်းကို
    နော်…..နော်…….နော်လို့
    ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး


    1. I m sorry for not continue my post.
      i will try to write it.
      thx

Leave a Reply

Blog at WordPress.com.

Discover more from Kaung Myat Tun

Subscribe now to keep reading and get access to the full archive.

Continue reading