
သမီးရေ…
ဒီနေ့ သမီးကို WHY အဘယ်ကြောင့်လဲ ဆိုတဲ့ မေးခွန်းကို မေးတတ် စဉ်းစားတတ်ဖို့ အ ရေးကြီးကြောင်း ပြောပြချင်တယ်။ လူတွေက အ ဘယ် ကြောင့် ဆိုတဲ့ WHY ကို မသိရှိပါပဲ၊ နေ့တဒူ၀ ရှင်သန် နေထိုင် လုပ်ကိုင် ကြေတဲ့သူတွေက များတယ်။
သမီးက အခု ဆိုရင် ဒါက ဘာလဲ ဒီဟာကို ဘယ်လို ခေါ်လဲလို့ နှုတ် က နေ ထုတ်ဖော် မေးတတ်တဲ့ အရွယ်ကို ရောက်လာပြီ။ လူရယ်လို့ ဖြစ်လာပြီဆိုရင် သိချင်စိတ် ရှိလာတာ ထုံးစံပါပဲ။ သိချင်စိတ်နဲ့ အတူ မေးခွန်းတွေလည်း မေးတတ်လာမယ်။
မေးခွန်းတွေ မေးတဲ့ နေရာမှာ သုံးတဲ့ မေးခွန်းစကားလုံး ၆မျိုးရှိတယ်။ အင်္ဂလိပ်လိုဆိုရင် 5W1Hလို့ ပြော ကြ လေ့ ရှိ တယ်။
Who အဘယ်သူသည်
What အဘယ်အရာ
Where အဘယ်နေရာမှာ
When အဘယ်ချိန်
Why အဘယ်ကြောင့်
How မည်သို့
ဒီမေးခွန်းတွေထဲမှာ အဆင့် အမြင့် ဆုံးက အဘယ်ကြောင့် ဆိုတဲ့ မေးခွန်းကို မေးမြန်းခြင်းက အဆင့် အမြင့်ဆုံး မေးမြန်းမှု လို့ ခေါ်နိုင်တယ်။
အ ခြေခံ အကျဆုံး က မည်သို့ How ဖြစ်ပြီး၊ သမီးဆိုရင် မွေးကတည်းက သိပြီးသား တွေ အများကြီးပဲလေ။ ပြီးတော့ စကားတောင် မ ပြော တတ်သေးတဲ့ သမီးက လမ်းလည်း လျောက်တတ်တယ်၊ အစားလည်း စားတတ်တယ်။ ပြီးတော့ သမီး ပတ်ဝန်းကျင်က ဘယ်သူတွေလဲ Who ဆိုတာကို သိတယ်။
အခုဆိုရင် သမီးက What ဘာလဲ၊ အဘယ်အရာလဲ စသဖြင့် မေးခွန်း မေးတဲ့ အဆင့်ကို ရောက်နေပြီ၊ ပြီး ရင် အဘယ်နေရာ Where အဘယ်အချိန် When စတာတွေ သိလာမယ် မေးလာမယ်။ အသိဉာဏ် ရင့်သန်လာတာနဲ့ Why အဘယ်ကြောင့် ဆိုတဲ့ မေးခွန်းကို မေးလာမယ်။
အဘယ်ကြောင့် Why ဆိုတဲ့ မေးခွန်းက အ ဖြေ ရ အခက် ဆုံး မေးခွန်း ဖြစ်ပြီး အင်အား အကြီးဆုံးလို့ လို့ ပြောလို့ရတယ်။
ပြဿနာတွေကို ဖြေရှင်းဖို့ အတွက် မေးတဲ့ အဘယ်ကြောင့် Why ဆိုတဲ့ မေး ခွန်း အတွက် အ ဖြေ က တခုထက်မက ရှိနေတတ်ပါတယ်။ ဒါကြောင့် Why အဘယ်ကြောင့် ဆိုတာကို အနည်း ဆုံး ၃ ခါ ၃ ဆင့် မေးပြီး အ ဖြေ ထုတ် သင့် တယ်။ ဒါမှ အမှန်ကန်ဆုံး လို့ ယူဆနိုင်တဲ့ အ ဖြေ ကို ရရှိနိုင်ခြေများမယ်။
မိမိရဲ့ အပြု အမူ လုပ်ဆောင်မှုကို အဘယ့်ကြောင့် Why လုပ်နေသလဲဆိုတာ သိရင် မိမိကိုယ်ကို လှုံဆော်စေပြီး အလုပ် အ ပေါ် စိတ်ပါဝင်စားမှု မြင့်တတ်စေတယ်။ မိမိကိုယ်တိုင်သိတာတင်မကပဲ ကိုယ့် ပတ်ဝန်းကျင်ကိုပါ အဘယ်ကြောင့် Why မိမိက ဒီလို အပြုအမှု လုပ်ဆောင်မှုကို လုပ်တယ်ဆိုတာ သိစေနိုင်တဲ့ စွမ်းရည်ရှိရင် ပတ်ဝန်းကျင်ရဲ့ စိတ်ပါဝင်စားမှုကိုရ စေနိုင်ပြီး ပတ်ဝန်းကျင်ကို လှုံဆော်နိုင် စွမ်း ရှိလာမယ်။
ဖေ ဖေ အ နေ နဲ့ သမီး နဲ့ ပတ်သတ်ပြီး နောင်လာ မယ့် နှစ်တွေ အတွက် စိမ်ခေါ်မှု တခုက တော့ သမီးမေးလာမယ့် အဘယ်ကြောင့် Why နဲ့ စမယ့် မေးခွန်းတွေကို ကောင်း မွန် စွာနဲ့ သမီးအတွက် လှုံဆော်မှုရှိစေမယ့် စိတ်ပါဝင်စားမှု ရှိစေမယ့် အ ြဖေ မှန် အ ဖြေ ကောင်းတွေ ဖြေ ပေး ပြော ပြ ပေးနိုင်ဖို့ ပြင်ဆင်ဖို့ပါပဲ။ ပြီး တော့ သမီး ကိုယ်တိုင် အဘယ်ကြောင့် Why ဆိုတာကို ကိုယ်တိုင်မေးခွန်း ထုတ်နိုင်ပြီး ကိုယ်တိုင် ဆင်ခြင်သုံးသပ် ဆုံးဖြတ်ချက် ချနိုင်တဲ့ သူ ဖြစ်လာအောင် အ ထောက် အပံ့ ပေးနိုင်ဖို့ပါပဲ။
ချစ်တဲ့ ဖေ ဖေ
Kaung Myat Tun
March 6 , 2019 @ Cebu
Leave a Reply