တိမ်တွေကင်းတဲ့ ကောင်းကင်ပြာ
မင်းမရှိရင် မလှပသလိုပဲ။
တိုးဝှေ့လာတဲ့ လေပြေလေညှင်း
မင်းမရှိရင် မသင်းပျံ့သလိုပဲ။
စီးဆင်းနေတဲ့ စိမ့်စမ်းရေ
မင်းမရှိရင် မအေးမြသလိုပဲ။
ဖြူဖွေးနေတဲ့ သဲသောင်ပြင်
ကျယ်ပြန့်တဲ့ ပင်လယ်ပြင်
မင်းမရှိရင် အဓိပ္ဗါယ်မရှိသလိုပဲ။
မင်းမရှိတဲ့ နေ့ရက်တွေ
ငါတစ်ယောက်တည်း
မင်းနဲ့ပြောခဲ့တဲ့ စကားလေးတွေ
ပြန်လည်ကြားယောင်ရင်းပဲ။
တစ်နေ့နေ့ပေါ့ ဆိုတဲ့
မျှော်လင့်ချက်များစွာနဲ့
အလွမ်းနေ့ရက်များကို
မလှပစွာနဲ့ပဲ ကုန်ဆုံးရဦးမှာပဲ။
မှင်တစ်စက်<
@Yokohama