Alien Registration Cardပြုလုပ်ခြင်း

ဂျပန်မှာ သုံးလထက်မက နေထိုင်မယ့် သူတွေ မလုပ်မနေုလုပ်ရမှာကတော့ Alien Registration Cardပါပဲ။ ဒီကဒ်ကို ကိုယ်နေထိုင်တဲ့ 区役所・市役所တွေမှာ လုပ်ရပါမယ်။ အဲဒီရုံးတွေက ရုံးဖွင့်ရက်တွေ မနက် ၈နာရီခွဲကနေစပြီး ဖွင့်ပါတယ်။ လတိုင်းရဲ့  တတိယအပတ် တနင်္ဂနွေနေ့တိုင်းလည်း ဖွင့်တတ်ပါတယ်။

ကဒ်လုပ်ဖို့ ယူသွားရမှာတွေက Passport ရယ် ဓာတ်ပုံရယ် ပါပဲ။ ကိုယ်နေတဲ့ လိပ်စာ မသိရင်လည်း ရေးပြီးယူသွားသင့်ပါတယ်။ အလုပ်ရဲ့ လိပ်စာရောပေါ့။ အဲဒီမှာ Form ဖြည့်ပြီးရင် လျောက်ထားမှုက ပြီးပါပြီ။ ရက်ချိန်းပေးပြီး။ အဲဒီရက်ချိန်အတွင်းမှာ ကဒ်ကို သွားပြီး ထုတ်ယူရပါမယ်။ ပိုက်ဆံ ပေးစရာ မလိုပါဘူး။

ဒါပါပဲ။

အဲဒီကဒ်က ဂျပန်မှာ နေစဉ်အတွင်း မိမိရဲ့  Identity Card အနေနဲ့ သုံးရပါတယ်။ ဘဏ်စာရင်းဖွင့်တာ စသဖြင့် နေရာ အမျိုးမျိုးမှာ ပြသ အသုံးပြုရပါတယ်။

 

ရေးသားသူ….ကောင်းမြတ်ထွန်း

Leave a Reply

Discover more from HOME

Subscribe now to keep reading and get access to the full archive.

Continue reading