ဂျပန်နိုင်ငံအတွင်းသို့ ၀င်ရောက်ခြင်း

မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ဂျပန်နိုင်ငံကို သွားမယ်ဆိုရင် အရင်ဆုံးVISAရှိထားဖို့လိုပါတယ်။ များသောအားဖြင့် အောက်ပါဗီဇာတွေနဲ့ သွားကြတယ်လို့ ထင်ပါတယ်။

  • Researcher (Examples: researchers, investigators, etc. at research institutes, etc.)
  • Engineer (Examples: scientific engineers, IT engineers, etc.)
  • Intra-company transferee  (Examples: people transferred to the Japanese branch (head office of the same company, etc.)
  • Entertainer (Examples: musicians, actors, singers, dancers, sportspeople, models, etc.)
  • Training (Examples: trainees in a company, a local government, etc., participants in the Industrial Training and Technical Internship Program, etc. (* Including practical training for 90 days or less)
  • Student
  • Temporary Visitor

လေယာဉ်ပေါ်မှာ လေယာဉ် မဆိုက်ခင်ကတည်းက Embarkation Cardကို ဖြည့်ထားသင့်ပါတယ်။ ဘာတွေဖြည့်ရတာလည်းဆိုရင် ကိုယ့်နာမည်၊ ဂျပန်မှာ နေမယ့် လိပ်စာ၊ လေယာဉ်အမှတ်၊ အလုပ်အကိုင်၊ စသဖြင့် ကိုယ်သိပြီးသား အကြောင်းအရာ တွေကိုဖြည့်ရပါတယ်။ ဘောပန်နဲ့ ဖြည့်ရပါတယ်။ မပါလာရင်လည်း လေယာဉ်မယ်လေးတွေစီကနေ တောင်းလို့ရပါတယ်။

ဂျပန်နိုင်ငံကို ၀င်ရောက်ဖို့ အရင်ဦးဆုံး လူဝင်မှုကြီးကြပ်ရေး ကောင်တာမှာ တန်းစီရပါတယ်။ အနည်းဆုံး ၁၀ မိနစ်ကနေ အများဆုံး တစ်နာရီလောက်တန်းစီပြီး စောင့်ရတတ်ပါတယ်။ ကိုယ့်အလှည့်ရောက်လာရင် Passport နဲ့  Embarkation Cardကိုပြပြီး လက်ဗွေဖတ်တဲ့ စက်မှာ ကိုယ့်ရဲ့  လက်ဗွေကို ဖြတ်ရပါတယ်။ ပြီးရင် ဓာတ်ပုံ အရိုက်ခံပြီး အထွေအထူး ပြဿနာ မရှိဘူးဆိုရင် ဆိုက်ရောက်ကြောင်းLanding Permissionကပ်ပေးပြီး ဂျပန်နိုင်ငံကို ၀င်ခွင့် ပြုလိုက်ပါပြီ။
ကပ်ပေးလိုက်တဲ့ ဗီဇာသက်တမ်းကိုလည်း စစ်ဆေးကြည့်တာကောင်းပါတယ်။

တခါတလေ ရစ်ချင်တဲ့ အခါ လူဝင်မှုကြီးကြပ်ရေး ဒုတိယအဆင့်  စစ်ဆေးခြင်းဆိုပြီးတော့ ဘေးနားက အခန်းထဲကို ခေါ်သွားတတ်ပါတယ်။ များသောအားဖြင့်က Temporary Visit VISA နဲ့ လာတဲ့သူတွေကို စစ်ဆေးတတ်ပါတယ်။ ပြီးတော့ COEသက်တမ်းကျော်နေရင်လည်း စစ်ဆေးတတ်ပါတယ်။ ကိုယ့်လာရင်းကိစ္စကို အမှန်အတိုင်း ပြောပြရင် ဘာပြဿနာမှ မရှိပါဘူး။ တခါတလေလည်း Local Contact ကိုဖုန်ဆက်ကြည့်ပြီး ဟုတ်မဟုတ် စစ်တတ်ပါတယ်။ ကိုယ်က မှန်မှန်ကန်ကန်ဆိုရင် ပြဿနာမရှိပဲ ဆိုက်ရောက်ကြောင်းLanding Permissionကပ်ပေးပြီး ဂျပန်နိုင်ငံကို ၀င်ခွင့် ပြုလိုက်ပါပြီ။
ကပ်ပေးလိုက်တဲ့ ဗီဇာသက်တမ်းကိုလည်း စစ်ဆေးကြည့်တာကောင်းပါတယ်။

(ပြဿနာတစ်စုံတစ်ခု ရှိတယ်ဆိုရင်တော့ ကိုယ်လာခဲ့တဲ့ လေကြောင်းလိုင်းနဲ့ ကိုယ့်နိုင်ငံကို ပြန်လွှတ်ခံရတတ်ပါတယ်။)

Re-Entry VISAနဲ့ လာမယ့်သူတွေကတော့ Re-Entry Counter သက်သက်ရှိပြီး မြန်ပါတယ်။ လူလည်း နည်းတာကိုး။ Re-Entryအတွက်သက်မှတ်ထားတဲ့ (ဂျပန်က ပြန်တုန်းက ဖြည့်ထားပြီး Passportမှာ ချိတ်ထားတဲ့ ကဒ်ပြားလေးမှာ နာမည်၊ လေယာဉ်အမှတ် စတာတွေကို ဖြည့်ထားတဲ့) Embarkation Card ကိုPassportကနေ ယူထားလိုက်ပါလိမ့်မယ်။ ပြီးရင် Landing Permission ဆိုက်ရောက် တုံးထုပေးပြီး ထုံးစံအတိုင်း လက်ဗွေနဲ့ ဓာတ်ပုံ အရိုက်ခံပြီး ဂျပန်ပြည်ကို ၀င်နိုင်ပါပြီ။

လ၀က ကနေ အထွက် စက်လှေကားနဲ့ အောက်ကို ဆင်းပြီး ကိုယ့်အထုတ်ကို ယူပြီး အခွန်ကောင်တာကို ဖြတ်ရပါတယ်။ လေယာဉ်ပေါ်ကပေးတဲ့ အကောက်ခွန်စာရွက်မှာ ကိုယ်သိတာတွေ ဖြည့်ပြီး Green Channel မှာဘာအခွန်ဆောင်စရာမှ မရှိဘူးလို့ ပြောလိုက်ရင် များသောအားဖြင့် အစစ်အဆေးမရှိ ထွက်လို့ ရပါပြီ။

လေဆိပ်ထဲမှာ ပိုက်ဆံလဲချင်ရင်လဲ ဖုန်းဆက်ချင်ရင် ဆက်ပြီး ကိုယ်သွားမယ့် ခရီးကို ဆက်ပြီး သွားနိုင်ပါပြီ။

 

ရေးသားသူ…ကောင်းမြတ်ထွန်း

One response to “ဂျပန်နိုင်ငံအတွင်းသို့ ၀င်ရောက်ခြင်း”


  1. ကောင်းတယ်။

Leave a Reply

Discover more from Kaung Myat Tun

Subscribe now to keep reading and get access to the full archive.

Continue reading