
ကမာကောင်လေး
ငါလေ ပုလဲ
မင်းကို သာမန်ဘဝတည်းက
ယုယုယယ
ငုံထားမလောက်ချစ်ခဲ့ပါတယ်။
ငါတို့ အတူရှိနေနိုင်ကြတုန်းက
အတူ ပျော်ခဲ့ကြတာကို
သတိရမိတယ်
ငါမင်းကို တန်ဖိုးမထား
မကြင်နာမိခဲ့လေသလား။
မင်းကို တန်ဖိုးထားမယ့်
သူစီကို ခေါ်ဆောင်သွားတော့
မင်း နှုတ်မဆက်ပဲ
ထွက်သွားတယ်နော်။
ပြီးတော့ ငါ့ကို
တန်ဖိုးမထားတတ်ဘူး
မကြင်နာတတ်ဘူးလို့
ပြောခဲ့သေးတယ်။
ကမာကောင် ဘဝမှာ
ပုလဲ တစ်လုံးထက်
ပိုပြီး မရှိနိုင်တာ
မင်းမသိခဲ့လို့လား။
မင်းမရှိတော့
ငါ ကမာကောင်
ဘ၀ နောက်ဆုံးထွက်သက်မှာတောင်
ရက်ရက်စက်စက်
စွန့်ပစ်ခံပြီး သေဆုံးသွားခဲ့ပါပြီ။
ပျော်ရွှင်ပါစေ
ပုလဲရေ
ငါ့ဘဝနဲ့ ရင်းရရင်တောင်
မင်းဘ၀ သာယာမယ်ဆိုရင်
စွန့်ခွာသွားလိုက်ပါကွာ။
ရေးသားသူ။ ။ ကောင်းမြတ်ထွန်း
http://kaungmyattun.wordpress.com
http://groups.google.com/group/a_lin_say_ta_mum
very nice