ငါရှိနေပေးခဲ့တဲ့ နင့်မွေးနေ့
ငါအမှတ်ရ နေသေးတယ်။
ငါတို့အတူ စားခဲ့တဲ့ နင့်မွေးနေ့
ငါသတိရ နေသေးတယ်။
ငါတို့အတူ ရှိခဲ့တဲ့ အဲဒီည
ငါအောက်မေ့ နေသေးတယ်။
ငါတို့အတူ ပြောခဲ့တဲ့ စကားတွေ
ငါပြန်တွေးတော နေသေးတယ်။
အိပ်မက်တွေအလား အဖြစ်အပျက်တွေနဲ့
တိမ်တွေလို မျောလွင့်သွားတဲ့ နင့်ကို
ငါလွမ်းဆွတ် တမ်းတ နေမိတယ်။
ကောင်မလေး နင်ကျေနပ်ပါတော့
ငါ နင်မရှိတဲ့ ငါ့မွေးနေ့ကို
အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့တယ်။
မွေးနေ့ရှင်မသိခဲ့သော ဆုတောင်းများ…