ကျွန်တော်နှင့် ပြည်ထောင်စုနေ့

ကျွန်တော်နှင့် ပြည်ထောင်စုနေ့

၂၀၁၀ ရဲ့ ပြည်ထောင်စုနေ့မှာ စိမ်းလန်းစိုပြေမှာ လုပ်တဲ့တိုင်းရင်းသားပေါင်းစုံ ဈေးရောင်းပွဲတော်(၁၂ ကနေ ၁၄ရက်နေ့အထိလုပ်တဲ့)ကို ရောက်ခဲ့တယ်။ မွန် အရောင်းဆိုင်က ဖိတ်ကြားချက်နဲ့
ဆိုပါတော့။ ကျွန်တော့ အမကတော့ မွန်ထမီလက်ဆောင်ရတော့ အင်္ကျ ီပါပွားပြီးချုပ်ဝတ်လာတယ်။ ကျွန်တော်လည်း မွန် ပဆိုးဝတ်ပြီး သွားမလို့ပါပဲ။ ဒါပေမယ့်ဘောင်းဘီတိုပဲ ဝတ်သွားဖြစ်တယ်။
ရောက်သွားတော့ လူတွေ အတော်များများကို ရောက်နေပြီ။ နေကလည်း အတော်လေးကိုပူတာပဲ။ မနက်က သူငယ်ချင်းတစ်ယောက်အဖေ အသုဘ ရက်လည်မှာ မုန့်ဟင်းခါးနှစ်ပွဲ အဝတွယ်လာတော့ ဗိုက်သိပ်မဆာဘူး။ ဒီလိုပဲ မွန် အရောင်းဆိုင်ကနေခဏထွက်လာပြီး တခြား အရောင်းဆိုင်တွေကို လှည့်ပတ်ကြည့်တော့ တိုင်းရင်းသားရိုးရာ အမှတ်တရပစ္စည်းတွေ ရောင်းနေကြတယ်။ အားလုံး တပျော်တပါးနဲ့
ဆင်နွှဲနေလိုက်ကြတာ ပျော်စရာပါပဲ။

ပြည်ထောင်စုနေ့ ဆိုတဲ့ အတိုင်း တိုင်းရင်းသားပေါင်းစုံရဲ့ ညီညွတ်မှုကိုပြနေတဲ့ ဒီပွဲကို တက်ရောက်ခဲ့ရတာ ဂုဏ်ယူဖို့ကောင်းပါတယ်။ အစက ကိုယ်တိုင်ပါပြီး မုန့်တွေဘာတွေ ရောင်းမလားလို့ စီစဉ်ဖို့ရာ နောက်ကြသွားပြီးမလုပ်ဖြစ်လိုက်ဖူး။ ဖုန်းနဲ့တော့ အတော်လေးကို စီစဉ်ဖြစ်လိုက်တယ်။ လေထဲမှာပဲ ပျောက်သွားပါတယ်ပေါ့။ ဒါပေမယ့် အခုလိုပဲ သူများတွေ စီစဉ်တဲ့ ပွဲကိုတက်တာလည်း ကောင်းပါတယ် အေးအေးဆေးဆေးနေလို့ရတာပေါ့။ရုံးက လူတွေကို ဖိတ်ထားပေမယ့် (အားလုံးကိုတော့ မပြောလိုက်ဖြစ်ဘူးစကားစပ်မိတဲ့ သူတွေကိုပဲပေါ့)၊ လာကြလားတော့မသိ။ ရုံးက စိုးနောင်တော့
ဖုန်းဆက်လာလို့ မောင်ပြုံးနဲ့ အတူ ရောက်နေတယ်ဆိုပဲ။ စိမ်းလန်းစိုပြေအဝင်က ဆိုင်မှာ ထိုင်နေတယ်ဆိုလို့ ခဏသွားကြည့် နှုတ်ဆက်ရင်း Colaသောက်ပြီး သူတို့ ပြောတာတွေနားထောင်ဖြစ်တယ်။ ကိုငွေထွန်းရဲ့ မြန်မာစာယူနီကုပ် အကြောင်းတွေ၊ ဂူးဂယ်လ်က crawl လုပ်ပြီး ဖိုင်တွေဘယ်လိုသိမ်းတယ်GFS ဆိုတဲ့ Google File System ဆိုတဲ့ အကြောင်းတွေ ပြောတာတွေနားထောင်
ပြုံးပြလုပ်နေတုန်း၊ လှည့်ကြည့်လိုက်တော့ ဟိန်းတို့ အတွဲထိုင်နေတာတွေ့လို့ သွားနှုတ်ဆက်၊ သူတို့ ထိုင်နေတာ ကျွန်တော် ထိုင်ခဲ့ဖူးတဲ့အမှတ်တရနေရာလေးပေါ့။ (အဲဒီနေ့က မိုးတွေရွာတယ်၊ ဒီနေ့တော့ နေပူနေတယ် နင်မရှိလို့ထင်တယ်)

ဒီလိုနဲ့ပဲ မွန်ရိုးရာ သင်္ကြန်ထမင်းကို စားဖြစ်တယ်။ ထမင်းကိုရေစမ်းထားတာ။ ရေက ဖရောင်းပါတယ် ဆိုပဲ။ ငါးထောင်းနဲ့ တွဲစားရတာစားလို့တော့ ကောင်းမှကောင်းပဲ။ ပြင်ဆင်ပေးတဲ့ အမကြီးကပဲ
ချောလို့လားတော့မသိပါဘူး။ ဒီလိုနဲ့ပဲ အိမ်ပြန်ခဲ့ပါတယ်ပေါ့။ ညနေအင်းယားလိပ်မှာလဲ ပွဲရှိတယ် ဆိုပဲ။ အား မနက်ဖြန် ခန်းဂျီးတန်း(JP KanjiClass)ရှိတယ်။ စာလေးဘာလေးလည်း လုပ်ဦးမှ။
ကောင်းမြတ်ထွန်း ရေးသားတင်ပြသည်။
၂၀၁၀ ဒုတိယလ ၁၂ ရက်

Leave a Reply

Add AI Chatbot

It talks to your visitors, helps, explains, works in all languages, never misses a chat and increases conversion rates!

Install Asyntai Plugin

Discover more from TUN株式会社

Subscribe now to keep reading and get access to the full archive.

Continue reading