ပထမခြေတစ်လှမ်းဖြင့်စပါ
အလုပ်သစ်အကိုင်သစ်တစ်ခုကိုစဖို့သင့်မသင့်
လူတိုင်းချိန်ဆကြရစမြဲပါ။
မစရဲ မလုပ်ရဲသူကများပါတယ်။
သူများကွမ်းယာရောင်းမှလိုက်ရောင်းရဲကြတယ်
။သူများထီဆိုမှထီ။မုံ့ဟင်းခါးဆိုမှမုံ့ဟင်းခါး
လိုက်ရောင်းရဲကြတာများပါတယ်။
အလုပ်တစ်ခုမလုပ်ခင် လေ့ လာပါ။
စဉ်းစားပါ။စူးစမ်းပါ။စဉ်းစားချင့်ချိန်မှု
ပညာဗဟုသုတဆည်းပူးထားပါ။
ဝန်ထမ်းပဲလုပ်လုပ်
ကိုယ်ပိုင်အလုပ်ပဲလုပ်လုပ်
အဲဒီလိုလူကအောင်မြင်မှာပါ။
ကျမတို့ကအလုပ်သစ်တစ်ခုလုပ်ခါနီးမှာ
ခေါင်းအေးအေးထားစဉ်းစားလေ့ရှိပါတယ်။
အကောင်းဆုံးနည်းက
တရားမှတ်ခြင်းပါ။တရားမှတ်ပြီးမှတွေး
တောကြံဆရင်မှားခဲပါတယ်။ အကြံသစ်ညာဏ်သစ်
အကြံကောင်းညာဏ်ကောင်းများထွက်လာတတ်ပါတယ်.
ပထမဆုံးကျမယောင်းမဝမ်းကွဲကို
စီးပွားရေးတစ်ခုလုပ်ဖို့ အကြံလဲပေးတယ်။
ကုန်စုံဆိုင်လေးကို ငွေရင်းလဲထူထောင်ပေးပါတယ်
။ကြိုးစားရိုးသား..သီလလဲရှိတော့
လယ်အေက၃၀ ကနေ ၉၀ ထမတိုးတက်ကြီးပွားသွားတယ်.။
၄ ပင်သုံးခန်းသွပ်မိုးပျဉ်ထောင်ှစ်ထပ်အိမ်အထိတိုးတက်သွားတယ်
ကုန်စုံဆိုင်လုပ်ငန်းနဲ့့ကြီးပွားသွားကြပါတယ်။
ခဲအိုနဲ့ယောင်းမက
မညွန့် ရွှေရဲ့ကျေးဇူးကြောင့်ပါလို့
တဖွဖွပြောကြပါတယ်။ခဲအိုကြီးေ နာက်တစ် ယောက်ကိုလဲ
လဘက်ရည်ဆိုင်ဖွင့်ဖို့အတိုးမဲ့ငွေထုတ်ပေးပါတယ်။
ပလုံပါတယ်။
ရိုးသားတော့ ဘာမျှမလုပ်တတ်ဘူး.လူယုံကလည်တာကိုး…
တူတစ်ယောက်ကိုကုန်ကူးဖို့အရင်းထုတ်ပေးဘူးပါတယ်။
ပလုံပါတယ်။မျိုးစေ့ကိုပြုတ်စားပစ်လိုက်ထာကိုး.
တူမတစ်ယောက်ကို..ထီဆိုင်ဖွင့်ပေးပါတယ်..
ပလုံပါတယ်..အရင်းပြုတ်အောင်ချဲဒိုင်လုပ်လို့ပါ..
ဘာ့ကြောင့်မအောင်မြင်ကြလဲဆိုတော့
အတွေးအခေါ်.ဗဟုသုတ.ပါးနပ်မှု.လုပ်ရည်ကိုင်ရည်မရှိ
စည်းကမ်းမျမရှိကြလို့ပါ မအောင်မြင်ကြပါ။
ကျမကစွန်ဦးတီထွင်ခဲ့တာတော်များပါတယ်။
နောက်ဆုံး ၁၉၈၈ အပြီးအရေးအခင်းကာလမှာ
ထီဆိုင်သေးသေးလေးစတင်ဖွင့်လှစ်ပေးလိုက်ထာ
တစ်မြို့လုံးထီဆိုင်တွေမှိုလိုပေါက်သွားပါတယ်
အောင်မြင်ေတာ့။တောရောမြို့ပါ ထီခေတ်ပြန်လည်
ဆန်းသစ်သွားပါတယ်..
စီးပွားရေးအမြင်ပါ။
ကျမဘော်ဒါစဖွင့်တယ်..
အောင်မြင်ပြန်ပါ ရော…အဲဒီတော့.
တောရောမြို့ပါ ကျောင်းသား၃ယောက်နဲ့ကစ
ဘော်ဒါဘော်ဒါ ဆိုပြီးလိုက်ဖွင့်ကြပါတယ်…
ချစ်စရာမြန်မာ့ဓလေ့ပါ …
ငါးပွက်ရာငါးစာချကြပြန်တာပဲ…
ကျမကအလုပ်လုပ်ရင်လောဘဘရိတ်ကိုအုပ်ပါတယ်။
ဘယ်အသက်အရွယ်ထိပဲ ဘယ်အချိန်အထိပဲလုပ်မယ်
ရပ်မယ်ဆိုတဲ့အတွေးးပါ။ အောင်မြင်တာကလဲ
ရှေးကံနဲ့ယခုဘဝကံ ညာဏ် ဝိရိယကြောင့်ပါ။
လုပ်သမျှအောင်မြင်ခဲ့ပါတယ်။
လုပ်ခါနီးလုပ်သင့်မလုပ်သင့်ပထမခြေတစ်လှမ်းက
အရေးကြီးဆုံးဆုံးဖြတ်ချက်ပါပဲ။
အခြေအနေ.အချိန်အခါကောင်းကိုကြည့်တတ်ရပါတယ်…
မိမိရဲ့ ကျန်းမာရေး.လူမှုရေးပါထည့်တွက်ပါတယ်.
တက်ချိန်နဲ့ဆုတ်ချိန် ကို ချင့်ချိန်ရပါတယ်..
အသုံးနဲ့အဖြုန်း.ဝင်ငွေနဲ့ထွက်ငွေ..စာရင်း.
ဘဏ္ဍာ ရေး အခြေအနေကို..ပိုင်အောင်ကိုယ်တိုင်ကိုင်ပါတယ်…
ပလိုင်းပေါက်နဲ့ ဖားကောက်သလို.မဖြစ်အောင်သတိထားပါတယ်..
ကိုယ်က ကျူး ဒူး တောင် မယုံသင့်ပါဘူး…
ယုံတာနဲ့ထိတာပါပဲ….
မရိုးသားကြသူတွေကိုစောစောစီးစီးပဲလက်တွဲဖြုတ်ရဲရပါတယ်
ရိုးသားတဲ့သူကို ကူညီအားပေးရပါတယ်.
..တူဝမ်းကွဲတစ်ယောက်ကိုဒီဇယ်လုပ်ဖို့ငွေရင်းထုတ်ပေးတယ်
ကျမနားချင်တော့.အရင်းကိုသူ့ပေးလိုက်တယ်
မင်းဘာသာလုပ်စားတော့..ငါရတဲ့အမြတ်ကအရင်းကျော်ပြီဆိုတော့.
သူ့တစ်သက်မှာကျေးဇူးအတင်ဆုံးပဲတဲ့.
ဦးလေးအရင်းသူဌေးကတောင်..သူ့ကိုဒီလိုအရင်းထုတ်
မပေးဘူးပါဘူးတဲ့…
စီးပွားရေးလုပ်တယ်ဆိုတာ
ကြက်အစာကောက်သလိုပဲတဲ့
ကောက်တိုင်းလဲမပါတတ်သလိုပဲတဲ့…ကျမအမေကပြောပြဘူးတာပါ.
မရိုးသားတဲ့သူနဲ့ဘယ်တော့မှ
ဆက်လက်မတွဲပါဘူး.တိပဲဖြတ်ချလိုက်ပါတယ်…
သတ္တိလဲရှိရပါတယ်.
လောဘလဲသတ်တတ်ရပါတယ်…
ရောင့်ရဲတင်းတိမ်တတ်ရပါတယ်…
ဟော့ဟော့ရမ်းရမ်းနဲ့ မင်းဘဏ္ဍာ.ကိုယ့်ဟာမှတ်…တဲ့သူအားလုံးဟာ
စီးပွားရေးမှာဗုန်းဗုန်းကျတာကများပါတယ်..
သားတို့သမီးတို့ကိုပြောပြတာပါ
စီးပွားရေးတောနက်ထဲမှာ
စားနေကျ ကျားကြီးတွေရန်ကို
များစွာသတိပြုကြပါ…
လူကောက်ထာမြင်ဖို့မလွယ်လို့
လိမ္မာပါးနပ်မှုလိုပါတယ်လို့….
မြသပြေ
21. 4 .17
Leave a Reply