ကြာတော့သည်လည်းမောင့်စကား။ (ဂျူး )
ဟားဟားဟား။
အိမ် ထောင်သက်45နှစ်ကျော်ကြာမှ
ဖိုးချစ်ရဲ့်ရင်ဖွင့်သံစကားကြားဘူးလိုက်ရလို့
ိုိ့ုရယ်လိုက်ရတာ။
သူ့ခမြာအောင့်ထားရတာကြာလှနေရောထင့်။
ဟောကြည့်။ ဒီအရွယ်ကြီးထိ မင်းကစိတ်ကောက်ပြန်ပြီ။ တဲ့။
သူမသိလို့ပါ။
ကျမကစိတ်မကောက်တတ်ပ်ါဘူး။
စိတ်ဆိုးတတ်ထာပါ။
စိတ်ကြီးတတ်ထာ။ စိတ်နာတတ်ထာပါ။
ကျမငယ်ငယ်ထဲကစကားနဲ့ရန်မဖြစ်တတ်ဘူး။
စိတ်ဆိုးရင်စကားအမှားပါသွားမှာစိုးလို့
စကားမပြောတော့တာ။ ရှောင်သွားတာပါ။
ရှောင်လို့မရရင်တော့
့်ဖိုက်ပစ်ထာပေါ့။ လက်ယဉ်တယ်လေ။
အုန်းဒိုင်းနဲ့ဦးအောင်ဆော်ပစ်လိုက်ထာပါ။
အိမ်မှာတော့အခန်းတံခါးပိတ်။ ခေါင်းမြီးခြုံ။ မျက်ရည်ကျ။စိတ်ကိုဖြေနိုင်မှထွက်လာ။
အလုပ်တွေနင်းကန်လုပ်။ သီချင်းတွေ အော်ဆို။
ဒေါသပြေသွားကော။
ဒေါသမပြေရင်တနုံ့နုံ့နဲ့ခံစားတတ်တယ်။
တခုခုထလုပ်ပစ်လိုက်ချင်တာ။ ဒီတော့စာဖတ်။ စာရေး။ ပန်းချီဆွဲ။ အဝတ်တွေရိုက်ပုတ်လျှော်ပစ်။ သစ်ပင်စိုက်။ ဒေါသတွေပြေ။ မကောင်းဘူးလား။
နောက်တော့တစ်ကနေတစ်ရာဆို။ အော်တိုဆပ်ဂျက်ရှင်းလုပ်။ ဘုရားရှိခိုးပေါ့။
ကျမ မကြိုက်ဆုံးအလုပ်ကအရက်သောက်ထာပါ။ လက်ထပ်ပြီးကာစကသူ့အဖွဲ့တွေနဲ့
အရက်သောက်လာရင်အိမ်တံခါးလုံးဝဖွင့်မပေးဘူး။
ဒါမှမဟုတ်အခန်းတံခါးလုံးဝဖွင့်မပေးဘူး။ စကားလုံးဝမပြောဘူး။အိမ်ကိစ္စ လုပ်စရာရှိတာအကုန်လုပ်ထားပေးတယ်။
ဒါ့ကြောင့်ရန်ပွဲတစ်ခါမျှ မပလေးခဲ့ကြပါဘူး။
နောက်ဆုံး တစတစနဲ့အဖော်ခင်တဲ့
အရက်သမားဖြစ်သွားမှာစိုးလို့
အရက်တောကနေပြောင်းလာလိုက်တယ်။
သူ့မိဘကိုတိုင်တယ်။ ဆုံးမခိုင်းတယ်။
အဖေကဆုံးမတယ်။ သူကနားထောင်တယ်။
ဒါပဲလေ။ သောဝစ္စဿတာ။ ပြောဆိုဆုံးမရင်နားလည်သဘောပေါက်
လွယ်သူပဲဟာ။
ကျမတို့ကြားအထင်လွဲကြလို့
ို့ရှင်းကြလင်းကြမှဖြစ်မယ်ဆိုရင်
်လူနဲ့ဝေးရာပန်းခြံထဲမှာ။ ဘောလုံးကွင်းထဲမှာ
ပြောကြ။ ဆိုကြ။ ရှင်းကြ။လင်းကြတယ်။ ကလေးတွေရှေ့မှာဘယ်တော့မှရန်မဖြစ်ကြပါဘူး။
ကလေးတွေစိတ်အားငယ်သွားမှာစိုးလို့ညှိထားတာပါ။
သူ့ဘက်ကိုယ်ဘက်မိဘဆွေမျိုးဧည့်သည်တွေ်
်ရှေ့လဲမခြေမငံမပြောကြပါဘူး။
ကြားလူကမီးထိုးရင်ပိုပူလာမှာစိုးလို့။
သည်းခံမြိုသိပ်ထိမ်းသိမ်းထားနိုင်ကြပါတယ်။
စိတ်ထဲမှာသိပ်မခံနိုင်ရင်တော့ခေါင်းအုံးလေးပေါ် ကို
ါ်မျက်ရည်တွေပိုးပိုးပေါက်ပေါက်သွန်ချယုံပဲ။ ပေါ့ နော်။
နှလုံးရောဂါအဲဒီကစတာထင်ပါတယ်။
သူ့ရှေ့မှာတော့ မငိုပြဘူး။ မချွဲတတ်။ မနွဲ့တတ်။
မခရာတတ်။ ပလီပလာမလုပ်တတ်တဲ့သူလေ။
မချော့တတ်တဲ့နမေနကေလူနဲ့
ဂျစ်တူးတူးနဲ့ကီးမှမကိုက်ထာ။ မကြိုးစားပါဘူး။
သူ့ဖာသူ လဘက်ရည်ဆိုင်နဲ့ဘောလုံးပွဲမှာနေ။ ကိုယ့်ဖာကိုယ်စာအုပ်တွေနဲ့နေ။ ကလေးတွေနဲ့နေ။ အိမ်မှာနေ။ အလုပ်တွေမှတစ်ပုံကြီးထဲမြုပ်နေ။
လျစ်လျူရှူနေ။ ဥပေက္ခာ နဲ့နေတတ်အောင်နေ။
နိုး။ ပရော်ဗလမ်ပဲ။ ဘိုဆန်ဆန်ပဲ။ ဟဟဟ။
နည်းလမ်းကျကျ တိုင်ပင်။ ညှိုနှိုင်း။ တယ်။ နားလည်မှူကတော့အမြဲလုပ်ကြပါတယ်။
ကိုယ့်သဘောနဲ့ကိုယ်လုပ်ကြတာမရှိခဲ့ပါဘူး။
အိုင်စတိုင်းပြောသလိုပဲ။
အင်မတန်ကြီးကြယ်တဲ့ကိစ္စပဲကျနော်ကဆုံးဖြတ်ပါတယ်။ *ပေါ့။ ဥပမာ။…. *သမီးသုံးယောက်စလုံးကိုဆရာဝန်လုပ်ပါ။ ဆိုတာကသူ့ရဲ့ဆန္ဒ။
က်မဆန္ဒက
**ကိုယ်ဝါသနာပါတာကိုယ်အောင်မြင်အောင်လုပ်။ လမ်းနှစ်သွယ်ချထားတယ်။ ကြိုက်ရာရွေးပေတော့။
အတိုက်အခံမလုပ်ဘူး။ ဗီတိုအာဏာမသုံးဘူး။ 50/50%မဲခွဲတယ်။
အိမ်တွင်းဒီမိုကရေစီစနစ်ပဲကျင့်သုံးတယ်။
ရန်ကုန်ဘဆွေရဲ့ *ချစ်ဇနီးသို့* ကိုဖတ်ထားကြတာကိုး။
င်္ဒီလိုနဲ့ ပဲ
45နှစ်ခရီးကိုအောင်မြင်စွာဖြတ်ကျော်နိုင်
်ခဲ့တာပါပဲ။ ရန်ဖြစ်ရမှာကိုမကြိုက်ကြဘူးလေ။
ဒါ့ ကြောင့်သမီးလတ်ကကျေးဇူးစကားဆိုဖူးတယ်။ *ကလေးစိတ်ပညာကို သုတေသနစာတမ်းတင်ဖိုိ့ု လေ့လာကြည့်တော့မှ အဖေနဲ့အမေတစ်ကွဲတပြားမဖြစ်ခဲ့လို့ ို့သမီးတို့ကံကောင်းခဲ့တာသိရတယ်တဲ့။
မိဘဖြစ်လာရင်အရာရာမြိုသိပ်ရတာပါပဲလေ။
အိမ်ထောင်တစ်ခုမပြိုကွဲအောင်ညှိယူရတယ်။ သည်းခံရတယ်။ မြိုသိပ်နိုင်ရတယ်။
အနစ်နာခံရတယ်။ မေတ္တာ ကြောင့်ခွင့်လွှတ်နိုင်ရတယ်။
အဓိကမှာ
သားသမီးလေးတွေရှေ့ရေးအတွက်
အလျှော့ပေးခဲ့ကြရတာတွေများလှပါတယ်။
ဒါမှအိမ်ထောင်တစ်ခုတည်မြဲတာလေ။
အိမ်ထောင်မှု။ ဘုရားတည်။
ဆေးမင်ရည်စုတ်ထိုး။
ဒီသုံးခုချ က်မပိုင်လျှင်
နောင်ပြင်နိုင်ခဲသည့်အမျိုး။ တဲ့။
ဆိုရိုးရှိသလေ။ နော်။
မြသပြေ
31.7.2021

Leave a Reply