ကျနော် ဆူပါမန်း မဟုတ်ပါ
(အမှတ်တရ အဖြစ်လည်း ဟာဒယ)
သမီး မမစံစံက ဆူပါစံစံ လုပ်မယ်ဆိုလို့ ကိုယ့်ကိုယ်ကို ဆူပါမန်း ဖြစ်နေမလားဆိုပြီး လုပ်မိလိုက်ပါတယ်။
အလုပ်တဖက် နဲ့ ကလေးလည်းထိန်း ရင်း တရက်တရက် အနားရချိန် ၂ နာရီ ကနေ ၃ နာရီလောက်ရှိတော့ ဒီအချိန်ကို စာဖတ် စာရေးလို့ ရမှာပဲလို့ စိတ်ကြီး ဝင်မိပါတယ်။ အနောက်နိုင်ငံက အဝေးသင် မာစတာဘွဲ့ ယူလိုက်မယ်ကွာဆိုပြီး စလိုက်မိတာ ငါးပါးမှောက်ပါလေရော။ တပတ်ကို ၁၅ နာရီလောက် စာဖတ် စာရေးနိုင်ရင် ဖြစ်နိုင်ပါတယ် ဆိုတဲ့ ပြောကြသူတွေလည်း ရှိကြတော့ ရမှာပါပေါ့။
ပထမ အပတ် စစခြင်း ၂ ဘာသာ စတော့ ဘာတွေ လုပ်ရမလဲ စာမိတ်ဆက်မှာ ဖတ်လိုက်ရတာက ၁ ပတ်(၇ရက်)အတွင်း စာမျက်နှာ ၅၀၀ လောက်ရှိတဲ့ စာအုပ် ၂ အုပ် ဖတ်ရမယ်။ အခြား စာတမ်း တချို့လည်း ဖတ်ရမယ်။
အဲ့ဒီ စာတွေ ဖတ်ပြီးသွားရင် အဲ့ဒီ ၁ ပတ်အတွင်းမှာပဲ
(၁) ဆွေးနွေးချက် ပုံစံ စာကို စာလုံး ၂၅၀ ကနေ ၇၅၀ ကြားရေးရမှာက ၂ ခု
(၂) အခြား အတန်းဖော် (အနည်းဆုံး ၃ ယောက်) တွေ ရေးထားတာကို ဖတ်ပြီး တုန့်ပြန် ထင်မြင်ချက် စာရေးရမယ်
(၃) အဆိုင်းမန့် ၂ ခု က အေ၄ စာမျက်နှာနဲ့ အနည်းဆုံး ၂ မျက်နှာ ရေးရမယ်
(၄) နောက် တမျိုးက အနည်းဆုံး စာလုံး ၅၀၀ ရေးရမယ်
ပြီးတော့ နောက် တပတ်အတွင်း အခြား အတန်းဖော် (အနည်းဆုံး ၃ ယောက်) ရေးထားတဲ့ အဆိုင်းမန့်တွေကို ဖတ်ပြီး တုန့်ပြန် ထင်မြင်ချက် ရေးရမယ်။
၇ရက်အတွင်း ကျနော် (၁) နဲ့ (၂) ပဲ လုပ်နိုင်လိုက်ပါတယ်။ ဒါတောင် ယက်ကန် ယက်ကန် လုပ်နိုင်လိုက်တာပါ။
တော်သေးတယ် တက္ကသိုလ်က ကိုယ်တွေလို *င်မနိုင်ပဲ ပဲကြီးဟင်းစားချင်သူတွေ အကြောင်းသိလို့ ထင်တယ်။ စာမလိုက်နိုင်ရင် တပတ်အတွင်း စာသင် အတန်း နားပြီး နောက်အတန်း မှ ပြန်တက်လို့ရအောင်လုပ်ပေးထားလို့၊ အတန်း တခုမှာ ၁ ဘာသာပဲ တက်လို့လည်းရတယ် ဆိုတော့ တော်သေးတာပေါ့ ။ လိပ်ကလေးလိုပဲ ပုံမှန် ရွေ့ကြည့်ဦးမယ်။
ကဲ နောက်လဆိုရင် သားသားလေးပါ ကလေး၂ယောက်ထိန်းရမယ်။ မိသားစုတွင်း ချစ်ခြင်းပွားများဖို့ ပျော်ရွှင်စွာနေထိုင်ပြီး
အခုက ကပ်ရောဂါနဲ့ အလုပ်အကိုင် ရှားပါးလာမှုတွေကြားမှာ ကုမ္ပဏီ မပြိုလဲသွားအောင်လဲ ကြိုးစားရမယ်။
အခက်အခဲ အကျပ်အတည်းဆိုတာ အခွင့်အလမ်း ရဲ့ စတည်ရာဖြစ်ပါတယ်တဲ့။
ကျနော်က ဆူပါမန်း ဖြစ်ချင်ခဲ့တဲ့ ဆာမူရိုင်း တယောက်ပါ။ ကဲကဲ အိမ်မက်က နိုးပြီး စားစရာ သွားဝယ်လိုက်ပါဦးမယ်။
16 April 2020
Happy birthday , my Dad! ွ

Leave a Reply