ခွဲခွာခြင်းက ရောက်လာမှာပဲလေ။
တွေ့ကြုံဆုံခိုက်လေးမှာကတည်းက
ခွဲခွာခြင်းက ရောက်လာမှာပဲလေ။
မျှော်လင့်စောင့်စားနေတဲ့ အချိန်မှာလည်း
ခွဲခွာခြင်းက ရောက်လာမှာပဲလေ။
တကယ်လို မယုံကြည်ချင်ဘူးဆိုရင်လည်း
ခွဲခွာခြင်းက ရောက်လာမှာပဲလေ။
အချိန်တွေကို နောက်ကို ပြန်ဆုတ်ချင်လည်း
ခွဲခွာခြင်းက ရောက်လာမှာပဲလေ။
နောက်ကို ပြန်ပြီး တွေ့ရမှာပဲဆိုပေမယ့်လည်း
ခွဲခွာခြင်းက ရောက်လာမှာပဲလေ။
မေ့ပျောက်ပစ်ချင်တယ် ဆိုပေမယ့်လည်း
ခွဲခွာခြင်းက ရောက်လာမှာပဲလေ။
လွမ်းတမ်းတထွေးပိုက်ပြီး ပြောနေပေမယ့်လည်း
ခွဲခွာခြင်းက ရောက်လာမှာပဲလေ။
ဘယ်လောက်ပဲ ငိုကျွေးနေပေမယ့်လည်း
ခွဲခွာခြင်းက ရောက်လာမှာပဲလေ။
ဂရုစိုက်မှုတွေ အများကြီးရပေမယ့် ပေးဆပ်ပေမယ့်လည်း
ခွဲခွာခြင်းက ရောက်လာမှာပဲလေ။
ဝမ်းနည်းမှု၊ အထီးကျန်မှုနဲ့ မှားယွင်းမှုတွေကို
တားဆီးနေပေမယ့်လည်း ရရှိနေမှာပဲလေ။
ဒါတွေက တနေ့နေ့မှာ မိမိအတွက်
အထောက်အကူဖြစ်လာမှာလေ။
ခွဲခွာခြင်းတွေနဲ့ပဲ လူသားတွေက
ရင့်ကျက်လာတယ်လေ။
ဒါကြောင့် ခွဲခွာခြင်းကို တန်ဖိုးထားတတ်ပါစေ။
ပြီးတော့ ကိုယ်ဖြစ်ချင်သော ဘဝကို
ရွေးချယ်နိုင်ကြပါစေ။
written by,
ကောင်းမြတ်ထွန်းKaung Myat Tun 2013 Mar 6(ဂျပန်ကဗျာအား မှီငြမ်းဘာသာပြန် ရေးသားသည်)

Leave a Reply