အချစ်ဆိုတာဘာလဲ

အချစ်ဆိုတာ ဘာလဲလို့

မသိကြလို့ မေးတာလား။

ပိုပြီး သိချင်လို့မေးတာလား။

ကိုယ်သိတဲ့ အချစ်နဲ့ အခြားသူသိတဲ့ အချစ်

ဘာကွာခြားလဲ သိချင်လို့ မေးတာလား။

မေးခွန်းမေးတဲ့ သူရဲ့ ဆိုလိုရင်းကို

မသိပေမယ့်………..

အချစ်ဆိုတာ ပြောပြတာထက်

ကိုယ်တိုင်ကြုံဖူးမှ သိနိုင်တဲ့အရာဖြစ်လို့

ကိုယ်တိုင် ချစ်ကြည့်လိုက်ပါ။

တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပဲ

Unique ဖြစ်တာမို့လို့

ကိုယ်တိုင် ခံစားကြုံတွေ့ကြည့်လိုက်ပါ။

ကိုယ်ကြုံတွေ့နေရတဲ့ အချစ်၊

ကိုယ်မြင်တွေ့နေရတဲ့ အားကျစရာ အချစ်၊

ကိုယ်မြင်တွေ့နေရတဲ့ ရင်နာစရာ အချစ်၊

ကိုယ်ဖြစ်ချင်တဲ့ နှစ်လိုဖွယ်ရာ အချစ်၊

စတဲ့စတဲ့ အချစ် ပုံစံပေါင်းများစွာ

တွေ့မြင်ကြုံတွေ့နေရပေမယ့်……..

အချစ်ဆိုတာ အထူးသဖြင့်

ကိုယ့်အတွက် ဖြစ်တည်ခဲ့တဲ့ အချစ်၊

ကိုယ့်အတွက် ဖြစ်တည်လာမယ့် အချစ်၊

ကိုယ့်အတွက် ဖြစ်တည်နေတဲ့ အချစ်၊

ဒါတွေက ကိုယ့်အတွက်ပဲဖြစ်ပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပဲ

တစ်ဦးတည်းပိုင် အချစ်ပါပဲ။

ချစ်ကြည့်လိုက်ပါ။

ပူလောင်တတ်တဲ့ အချစ်၊ အေးမြတတ်တဲ့ အချစ်၊

ငိုကြွေးရတဲ့ အချစ်၊ ပျော်ရွှင်ရတဲ့ အချစ်၊

ဝမ်းနည်းရတဲ့အချစ်၊ ဝမ်းသာရတဲ့ အချစ်၊

တစ်ကိုယ်ကောင်းဆန်တဲ့အချစ်၊ မျှဝေတတ်တဲ့ အချစ်၊

သစ္စာမဲ့တဲ့အချစ်၊ သစ္စာရှိတဲ့ အချစ်၊

စတဲ့စတဲ့ အချစ် လောကဓံ တွေများစွာ

ကြုံတွေ့ ခံစားရနိုင်ပေမယ့်……….

အချစ်ဆိုတာ

ချစ်တတ်သူများအတွက်ပဲ ဖြစ်တာကြောင့်

ချစ်တတ်တဲ့သူတွေပဲ သိနိုင်တဲ့

အလွန်ပဲလေးနက်သိမ်မွေ့ပြီး

သက်မှတ်ချက်တွေနဲ့ ကန့်သက်လို့မရတဲ့

အဆုံးအစမရှိတဲ့ တည်ရှိမှုတစ်ခုပါပဲ။

ရေးသားသူ။ ။ ကောင်းမြတ်ထွန်း
<ယိုကိုဟားမားမှ မှင်တစ်စက်>

One response to “အချစ်ဆိုတာဘာလဲ”


  1. တစ်နေ့ပြီးတစ်နေ့ဆိုနေရတဲ့ သီချင်းပေမယ့် မပျင်းပါဘူး၊၊

    ဘဝက ခြေဆင်းထိုင်နေရုံလေးနဲ့တော့ အဲဒီလိုမပြောကြပါနဲ့၊၊

    တောင်စွယ်မှာနေကွယ်တာကို မြင်သားပဲ၊၊ ဘာဖြစ်လဲ….

    အဲဒီဓားကမလွဲခဲ့ဘူးဆိုရင်တောင် ငါကလဲမပြိုလဲခဲ့ပါဘူးကွယ်၊၊

    ကျောင်းဆင်းခေါင်းလောင်းသံကို မကြားရတာကြာပြီ၊၊ တစ်ယောက်တစ်လမ်းစီ မသွားရတာလဲကြာပြီ၊၊

    ကိုယ်ကတခြား၊သူကတခြား ဖြစ်နေခဲ့ကြပေမယ့် ဘယ်သူမှမလွဲမှားခဲ့ကြတာလဲကြာပြီ ၊၊

    ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ဘယ်သူတွေဘယ်လိုပြောပြော

    ငါ့အတွက်တော့ နေသံ၊လသံရောနေခဲ့တာကြာပြီ၊၊

Leave a Reply

Discover more from Kaung Myat Tun

Subscribe now to keep reading and get access to the full archive.

Continue reading