ဂျပန်မှာ ပန်းကြည့်ခြင်း

ပိတောက်တွေကို ကြည့်နေရမယ့် အချိန်မှာ ဂျပန်ကို ရောက်နေတော့ ပိတောက်မကြည့်ပဲ ချယ်ရီ(Sakura)ပဲကြည့်ဖြစ်တော့လည်း တစ်မျိုးကောင်းတာပါပဲ။ အဲ မကောင်းတာကတော့ တစ်ယောက်တည်း ပန်းတွေကြည့်ရတာတော့ ခံစားချက်က တစ်မျိုးကြီးပဲ။ လွမ်းပါတယ်ပေါ့။ စက်ဘီးတစ်စီးဝယ်ပြီး ပန်းခြံထဲကို သွား ပြီးတော့ ချောင်းဘေးမှာ ပေါက်နေတဲ့ ချယ်ရီပန်းတွေကို ကြည့်နဲ့ အားလပ်ရက်တစ်ရက်က ကုန်သွားတာပါပဲ။ စက်ဘီးစီးပြီး ပင်လယ်ကိုသွားမယ် လုပ်လိုက်တာ လမ်းပြောင်းပြန် ဖြစ်ပြီး 江戸川မြစ်ကိုပဲ ရောက်သွားတယ်။အဲဒီနေ့က နောက်ဆုံး ချယ်ရီကြည့်လို့ ရတဲ့ နေ့ပါတဲ့ဗျာ။ မမြင်တာ၊ မကြည့်တာကြာတဲ့ ဆာကူရတွေကို ပြန်မြင်ရတာ ပျော်သလိုရှိပေမယ့် တစ်ယောက်တည်း ပန်းကြည့်ရတာတော့ သိပ် မနိတ်ဘူးပေါ့ဗျာ။

ပန်းခြံထဲက ဆာကူရ

စက်ဘီးစီးတဲ့ ကျွန်တော်
ဆာကူရလမ်း

2 responses to “ဂျပန်မှာ ပန်းကြည့်ခြင်း”

  1. မပြည့် Avatar
    မပြည့်

    ကံကောင်းတာပေါ့နော်
    ကျွန်တော်သွားတဲ့အချိန်က ချယ်ရီတွေ မပွင့်သေးဘူး
    နှင်းကလည်း ကျွန်တော်တို့ ပြန်မှ နှင်းကျတယ်တဲ့
    ချယ်ရီတွေ ကြည့်ဖို့ နောက်တခေါက်ရောက်ချင်ပါသေးတယ်


  2. かわいそうね!一人で!
    次回は二人が一緒に見られるのをお祈りしていますよ。

Leave a Reply to Zar Ni WinCancel reply

Discover more from Kaung Myat Tun

Subscribe now to keep reading and get access to the full archive.

Continue reading