
2010ရဲ့  ၄လပိုင်း ၆ရက်နေ့က ဂျပန်ကို အလုပ်ကိစ္စနဲ့ ဒုတိယအခေါက် ရောက်ဖြစ်ပါတယ်။ မရောက်တာအတော်ကြာပြီဖြစ်လို့ အတော်လေးကို စိတ်လှုပ်ရှားမိပါတယ်။ ဂျပန်နိုင်ငံက အများကြီး အပြောင်းအလဲ မရှိသလိုပါပဲ။ အရင်တုန်းကနဲ့ အတူတူပဲ လို့ခံစားရတယ်။
မြန်မာမှာ ၃၀ဒီဂရီလောက်ပူနေရာကနေ ဒီမှာ ၁၀အောက်အေးနေတာတစ်ခုကတော့ အကြီးမားဆုံး ပြောင်းလဲသွားတာပဲ။ တကယ်ဆိုရင် ၄လပိုင်းဆိုတာ ဒီလောက်မအေးရတော့မှာကို အေးနေသေးတာက ပုံမှန်မဟုတ်ပါဘူးလို့ ပြောရမှာပဲ။ ရာသီဥတုဖောက်ပြန်မှုတွေပေါ့။
အထုတ်အပိုးတွေကို အိမ်အထိ ကိုယ်တိုင်မသယ်ချင်တာနဲ့ သယ်ပို့ပေးတဲ့ စီမှာ အပ်လိုက်တယ်။ ဒီကုန်ကျစရိတ်တွေက အလုပ်ကပြန်ရမှာ ဆိုတော့ အေးဆေးပေါ့။ လာကြိုတဲ့ သူနဲ့ ရထားစီးပြီး နေရမယ့် အဆောင်ကို သွား၊ နေ့လယ်စာကို တော့ နေရမယ့် ဘူတာရောက်မှပဲ စားဖြစ်တယ်။ မစားတာ ကြာပြီ ဖြစ်တဲ့牛丼ပါ။ အမဲသားနဲ့ထမင်းကို カレーနဲ့ ရောထားတာကို စားဖြစ်တယ်။ ပြီးတော့ ဘတ်စ်ကားစီးပြီး အဆောင်ကို သွားတယ်။
အဆောင်က ၅လွှာမှာ။ အခန်း၇၊ အခန်းက ကျယ်ပေမယ့် အနံ့က လူမနေတာကြာလို့ သိပ်မကောင်းဘူး။ ကိုယ့်ဘာကို ရှင်းလင်း သန့်အောင် လုပ်ရမှာပါတဲ့။ ပြီးရော သန့်ရှင်းရေး လုပ်ရမယ် ဆိုပါတော့။ အိပ်ဖို့အတွက် မွေ့ရာတွေက မရောက်သေးတော့ ည၇နာရီလောက်အထိ လှဲလို့မရ ။ အ၀တ်အစား သေတ္တာကတော့ ည၆နာရီလောက်ရောက်လာလို့ တော်သေးတယ်။
ရေချိုးပြီးတော့ ခဏနေတော့ မွေ့ရာတွေ လာပို့တာနဲ့ အိပ်မယ်ဆိုပြီး Heaterဖွင့်ဖို့လုပ်တော့ ဓာတ်ခဲအားကမရှိဖြစ်။ အော်ဒုက္ခ။ ဓာတ်ခဲပြေးဝယ်ပြီး အိပ်ဖြစ်ပါတော့တယ်။ ညဘက်ရောက်လေ အေးလေပါပဲလား။ တော်သေးတယ် Heaterလေးရှိနေလို့။ နို့မို့ဆို မလွယ်ပါဘူး။
၇ရက်နေ့ကစပြီး ရုံးတတ်ရတယ်။ ရုံးတတ်တဲ့နေ့မှာပဲ အစည်းအဝေးစ၊ အလုပ်တွေ စလုပ်ရတော့တာပါပဲ။ အော် တကယ်ကို မလွယ်တဲ့ ဘ၀ပါလားနော်။
ဘာပဲဖြစ်ဖြစ် ဂျပန်ကို တော့ ဒုတိယတစ်ခေါက်ရောက်ခဲ့ရပါပြီပေါ့။ ၁လခွဲလောက်ပဲ ကြာမယ်ဆိုပေမယ့်။ ကောင်းပါတယ်ပေါ့။