မိန်းကလေးချောချောတွေ ဒေါသထွက်လွယ်တယ်

မိန်းကလေးချောချောတွေ ဒေါသထွက်လွယ်တယ်ဆိုပဲ
BBC က သတင်းတစ်ပုဒ်မှာ သုတေသန လေ့လာတွေ့ရှိချက်တွေ အရ မိန်းကလေးချောချောလှလှ ဆွဲဆောင်မှုအားကောင်းတဲ့ သူတွေက ဒေါသထွက်လွယ်တယ်ဆိုပဲ။ဆွဲဆောင်မှုကောင်းတဲ့ မိန်းမချောလေးတွေက ယှဉ်ပြိုင်လာမှုတွေကို စစ်ပွဲတစ်ပွဲလိုပဲ ဖြေရှင်းတတ်တယ်တဲ့။ကယ်လီဖိုးနီးယား တက္ကသိုလ်က သုတေသီတွေက ကျောင်းသူ ၁၅၆ ဦးကိုမေးမြန်းခဲ့တာဆိုပဲ။ ဘယ်လောက်ထိဒေါသထွက်တယ်၊ ပြဿနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသလဲ လို့ မေးခဲ့တယ်တဲ့။အဖြေတွေကို ကြည့်ရင် ကိုယ့်ကိုယ်ကို ကြည့်ကောင်းတယ်၊ ချောတယ်လို့
ထင်တဲ့သူတွေက အငြင်းအခုံ၊ ပြဿနာတွေကို ဒေါသတကြီးပိုမိုတုံ့ပြန်တတ်ကြပြီး၊ ကိုယ့်ကိုယ်ကို ဆွဲဆောင်မှု သိပ်မရှိဘူး ထင်တဲ့သူတွေက ဒေါသသိပ်မကြီးကြပါဘူးတဲ့။

ပြီးတော့ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတွေက သူတို့နဲ့ ထိုက်တန်တာထက်ပိုပြီး မျှော်လင့်တတ်ကြတယ်ဆိုပဲ။ သည်လို မိန်းကလေးမျိုးတွေနဲ့အဆင်ပြေချင်ရင် သူတို့ကို ဦးစားပေးလိုက်ပါတဲ့။ ဒေါသကြီးတတ်တဲ့
မိန်းကလေးတွေဟာ ဦးစားပေးခံရတဲ့ အခြေအနေမှာ ပိုပြီးကောင်းမွန်စွာ ဖြေရှင်းနိုင်တယ်တဲ့။ဒါပေမယ့် အခုတွေ့ရှိချက်တွေက လူအနည်းငယ်ကိုပဲ လေ့လာထားတာဆိုတော့လူတိုင်းအတွက် မှန်တယ်လို့ ကောက်ချက်မဆွဲနိုင်ဘူး လို့လည်းလန်ဒန်ဆေးပညာကောလိပ်က စိတ်ပညာ အတိုင်ပင်ခံ ကောလင်းကပြောပါတယ်တဲ့။အင်း အားလုံးအတွက်မှန်တယ်လို့ မပြောနိုင်ပေမယ့် အချို့အတွက်တော့
မှန်တယ်လို့ ဆိုနိုင်တာပေါ့။ အချို့ဆွဲဆောင်မှုရှိတဲ့မိန်းကလေးတွေကသူတို့ကိုယ်သူတို့လည်း ဆွဲဆောင်မှုရှိမှန်းသိရင်ဆန့်ကျင်ဖက်ယောကျ်ားလေးတွေက သူတို့ကို အလေးပေးဆက်ဆံစေချင်တဲ့
စိတ်တွေရှိကြပြီး အလေးပေးဆက်ဆံလိမ့်မယ်လို့လည်း ယုံကြည်ကြတယ်။

သူတို့ဒေါသထွက်လာရင် သူတို့ကို ချော့မှာပဲ အလျော့ပေးမှာပဲ လို့လည်းယုံကြည်ကြတယ်။ ယုံလည်းယုံကြည်ချင်စရာပဲလေ။ ယောက်ျားလေးတွေကလည်းမိန်းကလေးချောချောများ စိတ်ဆိုးဒေါသထွက်ရင် ချော့ချင်ကြတာအလျော့ပေးချင်းကြတာလည်း လွန်ရောကိုး။ ဒီလိုနဲ့ ပဲ မမချောတို့ဒေါသထွက်လွယ်အောင် ပိုပြီး တွန်းပို့ပေးလိုက်သလိုပဲနော့်။အချို့မိန်းမချောလေးတွေက သူငယ်ချင်းတွေရှေ့မှာ သူ့အလိုကို လိုက်တဲ့ကောင်လေးတွေက သူ့ကို ကြောက်ရသလို၊ သူကပဲ အမြဲအနိုင်ရသလို စကားမျိုးတွေပြောပြီး ဂုဏ်ယူတတ်ကြတယ်။ အချို့ကောင်လေးတွေကလည်း အဲဒါကို ဂုဏ်ယူပြီး
နေနိုင်ကြတယ်လေ။ ဟုတ်တာပဲလေ ကောင်မလေးချောချောလေးက ပြောတာပဲ နာစရာလား။ကောင်းပါတယ်ပေါ့။ ဒါမှလဲ အဆင်ပြေမယ် မဟုတ်လား။ ဦးစားပေးလိုက်ကြပါ။

3 responses to “မိန်းကလေးချောချောတွေ ဒေါသထွက်လွယ်တယ်”


  1. not very sure.


  2. may be.


    1. yes, may be, me too not sure.

Leave a Reply to MoeCancel reply

Discover more from Kaung Myat Tun

Subscribe now to keep reading and get access to the full archive.

Continue reading