Site icon Kaung Myat Tun

လမ်းများ

&Tab;&Tab;<div class&equals;"wpcnt">&NewLine;&Tab;&Tab;&Tab;<div class&equals;"wpa">&NewLine;&Tab;&Tab;&Tab;&Tab;<span class&equals;"wpa-about">Advertisements<&sol;span>&NewLine;&Tab;&Tab;&Tab;&Tab;<div class&equals;"u top&lowbar;amp">&NewLine;&Tab;&Tab;&Tab;&Tab;&Tab;&Tab;&Tab;<amp-ad width&equals;"300" height&equals;"265"&NewLine;&Tab;&Tab; type&equals;"pubmine"&NewLine;&Tab;&Tab; data-siteid&equals;"9896746"&NewLine;&Tab;&Tab; data-section&equals;"1">&NewLine;&Tab;&Tab;<&sol;amp-ad>&NewLine;&Tab;&Tab;&Tab;&Tab;<&sol;div>&NewLine;&Tab;&Tab;&Tab;<&sol;div>&NewLine;&Tab;&Tab;<&sol;div><div class&equals;"cs-rating pd-rating" id&equals;"pd&lowbar;rating&lowbar;holder&lowbar;594384&lowbar;post&lowbar;452"><&sol;div>&NewLine;<script type&equals;"text&sol;javascript" charset&equals;"UTF-8"><&excl;--&sol;&sol;--><&excl;&lbrack;CDATA&lbrack;&sol;&sol;><&excl;--&NewLine;PDRTJS&lowbar;settings&lowbar;594384&lowbar;post&lowbar;452&equals;&lbrace;"id"&colon;594384&comma;"unique&lowbar;id"&colon;"wp-post-452"&comma;"title"&colon;"&percnt;E1&percnt;80&percnt;9C&percnt;E1&percnt;80&percnt;99&percnt;E1&percnt;80&percnt;BA&percnt;E1&percnt;80&percnt;B8&percnt;E1&percnt;80&percnt;99&percnt;E1&percnt;80&percnt;BB&percnt;E1&percnt;80&percnt;AC&percnt;E1&percnt;80&percnt;B8"&comma;"permalink"&colon;"https&colon;&bsol;&sol;&bsol;&sol;kaungmyattun&period;com&bsol;&sol;2010&bsol;&sol;05&bsol;&sol;09&bsol;&sol;roads&bsol;&sol;"&comma;"item&lowbar;id"&colon;"&lowbar;post&lowbar;452"&rcub;&semi;&NewLine;&sol;&sol;--><&excl;&rsqb;&rsqb;><&sol;script>&NewLine;<script type&equals;"text&sol;javascript" charset&equals;"UTF-8" src&equals;"https&colon;&sol;&sol;polldaddy&period;com&sol;js&sol;rating&sol;rating&period;js"><&sol;script>&NewLine;&NewLine;<p class&equals;"wp-block-paragraph">လမ်းဆိုတာ တစ်လမ်းတည်း ဘယ်တော့မှ မရှိပါဘူး။ လူဆိုတာ ကိုယ်သွားနေကြလမ်းကို ပဲ ပုံမှန်အတိုင်းသွားတတ်ကြတာ ထုံးစံပါပဲ။ တစ်ခါတစ်လေတော့လည်း လမ်းသစ်တွေကို ရှာဖွေတတ်ကြပါတယ်။<&sol;p>&NewLine;&NewLine;&NewLine;&NewLine;<p class&equals;"wp-block-paragraph">လမ်းသစ်တွေကို မတွေ့ခင်အထိတော့ ကိုယ်သွားနေကြ လမ်းက ကိုယ့်အတွက် အကောင်းဆုံးလို့ ထင်ကြမှာပါပဲ။ လမ်းသစ်ကို ရှာတယ်ဆိုတာကလည်း စွန့်စားရတဲ့ အလုပ်တစ်ခုဆိုတော့ တော်ရုံလူက မလုပ်ချင်ကြပါဘူး။<&sol;p>&NewLine;&NewLine;&NewLine;&NewLine;<p class&equals;"wp-block-paragraph">ကျွန်တော် ဂျပန်မှာ အလုပ်ကိစ္စနဲ့ နေရတုန်းက<br>နေရတဲ့ အဆောင်ကနေ ဘူတာကို သွားတဲ့ လမ်းကို ပုံမှန်ကိုယ်သိတဲ့ သွားနေကြလမ်းအတိုင်းပဲ သွားပါတယ်။ အခြားသွားလို့ရတဲ့ လမ်းရှိလောက်မယ်ဆိုတာ သိနေပေမယ့် အဲဒီ အခြားလမ်းတွေကို စွန့်စားပြီး မသွားရဲဘူး။ ဘာလို့လဲဆိုရင် တကယ်လို့ လမ်းပျောက်သွားရင် အချိန်တွေက ကုန်ပြီး ရုံးတက်နောက်ကျနိုင်တယ်လေ။ ဒီလိုနဲ့ ပဲ ၁ လလောက်က သွားနေကြလမ်းကိုပဲ သွားနေဖြစ်ပါတယ်။ အဲဒီသွားနေကြလမ်းက ကားအသွားအလာနဲ့ ဘတ်စ်ကား အသွားအလာ များပြီး လမ်းကလည်း ကျဉ်းပါတယ်။<&sol;p>&NewLine;&NewLine;&NewLine;&NewLine;<p class&equals;"wp-block-paragraph">တစ်နေ့ ရုံးပိတ်ရက်မှာတော့ လမ်းသစ်တွေ့လိုတွေ့ငြားဆိုပြီး စက်ဘီးလျှောက်စီးရင်း လမ်းသစ်ရှာဖြစ်ပါတယ်။ တကယ်လို့ လမ်းသစ်တွေ့ရင်လည်း အဆင်ပြေအောင်နဲ့ အညောင်းအငြာပြေဆိုပါတော့။ ထင်ထားတဲ့ အတိုင်း လမ်းသစ် နှစ်လမ်းတောင်တွေ့ပါတယ်။ လမ်းကလည်း သွားနေကြလမ်းထက် အနည်းငယ် ကျယ်ပြီး ကားအသွားအလာလည်း ရှင်းတော့ စက်ဘီးစီးသွားရတာ အတော်လေးကို အဆင်ပြေပါတယ်။ နောက်ဆိုရင် လမ်းသစ်ကပဲ သွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။<&sol;p>&NewLine;&NewLine;&NewLine;&NewLine;<p class&equals;"wp-block-paragraph">ဒီလိုပဲ ကျွန်တော်တို့ လူ့ဘဝမှာ ကိုယ်သွားနေကြလမ်းဟောင်းကြီးကိုပဲ အမြစ်တွယ်ပြီး သွားနေကြတဲ့ လူတွေ အများကြီးရှိကြမှာပါ။ ကိုယ်သွားနေကြလမ်းမှာ အခြား သွားလို့ ရနိုင်တဲ့ ပန်းတိုင်ကို ပိုပြီး ချောမွေ့စွာ ရောက်နိုင်တဲ့ လမ်းတွေ အများကြီး ရှိနိုင်မှာပါပဲ။ ဒါပေမယ့် အချိန်မပေးနိုင်တာ၊ အခက်အခဲဖြစ်မှာကို ကြောက်တာကြောင့် လမ်းသစ်ကို မရှာဖွေ ဖြစ်ကြတဲ့ လူတွေ အများကြီး ရှိကြမယ်လို့ ထင်ပါတယ်။<&sol;p>&NewLine;&NewLine;&NewLine;&NewLine;<p class&equals;"wp-block-paragraph">ဒါပေမယ့် လမ်းသစ်တစ်ခုကို အချိန်တစ်ခုပေးပြီး စမ်းသပ်ရှာဖွေပြီး ကိုယ်နဲ့ သင့်တော်မယ်ထင်ရင် ပြောင်းလဲမှုတွေ လုပ်သင့်ပါတယ်။ လမ်းသစ်ဖြစ်တိုင်းလည်း ကောင်းလာလိမ့်မယ်လို့ အတတ်ပြောလို့တော့ မရဘူးပေါ့ဗျာ။ ဒါပေမယ့် ကိုယ်သွားနေတဲ့ လမ်းကြောင်းနဲ့ နှိုင်းယှဉ်ကြည့်ပြီး ကိုယ့်အတွက် သင့်တော်မယ်ထင်ရင် ပြောင်းလဲမှုဆိုတာမျိုးက လုပ်သင့် စွန့်စားသင့်တဲ့ အရာပါ။ လူတကာ သွားတဲ့ လမ်းကြောင်းကို ကိုယ်ကသင့်တော်တယ်ထင်ရင်လည်း အဲဒီလမ်းကြောင်းကို လိုက်ရသလို၊ ကိုယ်နဲ့သင့်တော်မယ့် လမ်းသစ်ဖောက်သင့်ရင်လည်း လမ်းသစ်ဖောက်ပြီး သွားရမှာပါပဲ။<&sol;p>&NewLine;&NewLine;&NewLine;&NewLine;<p class&equals;"wp-block-paragraph">လောကကြီးမှာ သွားစရာ လမ်းတွေ အများကြီးရှိပါတယ်။ အဓိကကတော့ ကိုယ်ကိုယ်တိုင် ရွေးချယ်တဲ့ လမ်းကို ကိုယ်ကိုယ်တိုင် လျှောက်ရမယ် ဆိုတာပါပဲ။ ပြီးတော့ လမ်းပြောင်းသင့်ရင်လည်း ပြောင်း၊ ပြန်လှည့်သင့်ရင်လည်း လှည့် ဒါကလည်း ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ပြီး လုပ်ဆောင်ရမယ့် အရာတွေပါပဲ။ ဘာမဆို ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ အရှင်သခင်မဟုတ်ပါလား။<&sol;p>&NewLine;&NewLine;&NewLine;&NewLine;<p class&equals;"wp-block-paragraph">ရေးသားသူ။ ။ကောင်းမြတ်ထွန်း<&sol;p>&NewLine;

Exit mobile version